2 (Final)

15.8K 1.1K 206
                                    

✔Unicode✔

"အွန့်.."

အောက်ကကောင်လေးရဲ့
တအွန့်အွန့် အသံကြောင့်
Chanyeol သတိဝင်ကာ
ပါးစပ်ထဲက အဝတ်စကို
ဆွဲထုတ်ပေးပြီး...

အောက်က
မထုတ်ရသေးတဲ့ သူ့ညီငယ်ကိုလဲ
အသာဆွဲထုတ်လိုက်တော့
ကောင်လေးက ပါးစပ်ကို
လက်နှစ်ဖက်ဖြင့် အုပ်ကာ
မျက်လုံးတွေ အတင်းမှိတ်ထားသည်။

Chanyeol ကောင်လေး ကိုယ်ပေါ်က
အမြန်ထကာ...ဘောင်းဘီ ဝတ်လိုက်သည်။
အခုထိ ပုံပျက် ပန်းပျက်နဲ့ ...မြက်ခင်း
ပြင်မှာ ရှိနေတဲ့ ကောင်လေးကို
ကြည့်ရင်း စိတ်ပျက်တာမို့ စုပ်သပ်မိသည်။

"အခုချက်ချင်းထစမ်း...
သွား ...မင်း အိမ် ခုပြန်
ဒီကိစ္စကို ...ဘယ်သူ့မှ ပြန်မပြောနဲ့
တစ်ယောက်ယောက်ကို ပြန်ပြောရင်
မင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်
ကြားလား"

ခေါင်း ကို တဆတ်ဆတ်ငြိမ့်ရင်း
သူ့ကို သရဲသဘက်တကောင်လို
ကြည့်ကာ...နေရာကနေ
တဖြေးဖြေး ပြေးထွက်သွားသည်။

ကောင်လေး ထွက်သွားမှ
Chanyeol မြက်ခင်းပေါ်
ထိုင်ချမိသည်။

ငါဘာတွေ လုပ်မိတာလဲ။
ငါ့အိမ်က အစေခံ တစ်ယောက်ကို။
နောက်ပြီး....ကျပ်တောင် မပြည့်တဲ့
ယောကျ်ားတစ်ယောက်ကို...

တကယ်လို့ များ...တစ်ယောက်ယောက်က
သိသွားရင်...ငါ့ကို ဘာပြောကြမှာလဲ။

ရွံစရာကောင်းတယ်လို့
မြင်ကြမှာလား....

ဟင့်အင်း!!!
ဘယ်သူမှမသိနိုင်ဘူး...

သူကိုယ်တိုင် အဲဒီကောင်လေးကို
သတိပေးလိုက်ပြီးသား...

နောက်တစ်ကြိမ်ဆိုတာ
မရှိတော့ဘူး....
ဒီတခါ ပဲမှားမိတာ...

သူ့နေရာမှာ တခြားလူဆိုလဲ
ဒီလို လုပ်မိမှာပဲမလား....
ဘယ်သူမှ မလွန်ဆန်နိုင်တဲ့
တဏှာကြောင့် သူဒီလို
ဖြစ်သွားတာ...
သူလဲ ယောကျ်ား တစ်ယောက်
ပဲလေ....
ဒီတော့...အနားမှာ ရှိနေတဲ့
လူကို အခုလို လုပ်မိသွားတာ။

Chanyeol တွေးမိတွေးရာ
တွေးရင်း တယောက်ယောက်
သိသွားရင် ဆိုတဲ့ အတွေးက
သူ့ကို သတ်နေသည်။

DignityWhere stories live. Discover now