"စမယ် ready 5 4 3 2 1 action"
P'Simအသံကြားတာနဲ့သီချင်းသံလေးလွင့်ပျံလာသည်။
ကျွန်တော်နဲ့တက်သစ်စသရုပ်ဆောင်မင်းသမီးSunရဲ့
ကြေညာလေး။Sunကဒီနောက်ပိုင်းနာမည်တော်တော်ရလာသောမင်းသမီး။ချစ်ဖို့ကောင်းသောမျက်နှာလေးနဲ့သရုပ်ဆောင်ပိုင်နိုင်မှု့
များကြောင့်အချိန်တိုအတွင်းမှာနာမည်ရလာခဲ့သည်လေ။"ok cut"
ကျွန်တော်ရောSunပါဒါရိုက်တာဖြစ်သူP'Simဆီလျှောက်လာခဲ့လိုက်ကြသည်။
"ရရဲ့လား P'Sim"
ကျွန်တော့်ကိုကြည့်ရင်းSunကမေးလိုက်သည်။
"ရတယ် N'Titရော N'Sunရော okတယ် ကဲ breakပြီနော်"
ကြေညာရိုက်ခြင်းပြီးဆုံးသွားတော့နေ့လည်ဆယ့်တစ်ခွဲ။ChingMaiရောက်လက်စနဲ့သူ့အိမ်သွားမည်ဟု
ုခွင့်တောင်းထားသောကြောင့်hotel
အခန်းပြန်ရေမိုးချိုးအဝတ်အစားလဲပြီးသူ့အိမ်သို့မောင်းလာခဲ့လိုက်ကြသည်။"P'ကားခဏရပ်ပေးဦး N' အသီးဝင်ဝယ်ဦးမယ်"
"အိမ်အတွက်မလား ဝယ်မနေနဲ့ ဘာမှမပါလည်းကိစ္စမရှိဘူး"
"သိပြီးသားP' ဒီလိုဘဲပြောမယ်ဆိုတာ အရင်ကကိစ္စမရှိပေမယ့်
အခုဝယ်သွားမှကောင်းမယ်လေဗျာ အိမ်လာတာဘာလက်ဆောင်မှမပါ
တော့ P'Mအမျိုးသားကတမျိုးမြင်မှာပေါ့ဗျ"P'Mဆိုတာသူ့ရဲ့တစ်ဦးတည်းသောအမပါ။ဟိုတလောကမှအိမ်ထောင်ကျသွားတာဖြစ်သည်။
"ဟ မြင်စရာလားဟ မင်းကငါရည်းစားမှမဟုတ်တာ ပြီးတော့P'တို့ကလည်းအိမ်မှာနေတာမဟုတ်ပါဘူးကွာ ဘာတွေတွေးပူနေတာလဲမသိဘူး အတော်ရီရတဲ့ကောင်"
သူပြောလိုက်တာကျွန်တော်နင်တောင်သွားသည်။
"P'Earth နော် N'ကအကောင်းနဲ့ပြောတာကို ရီရတယ်တဲ့ ဟွန့်"
တွေ့လား......ဒီကောင်လေးကသူ့ကိုစိတ်ကောက်တော့မယ်ဆိုP'Earthလို့ခေါ်နေကျ။အကြောင်းမသိရင်ခက်မယ်။တခုခုပြောလို့မနိုင်ရင်စိတ်ကောက်တော့မှာ။
"ဟကောင် စိတ်လာကောက်မနေနဲ့ ငါမင်းရည်းစားမဟုတ်ဘူး ဖြတ်ရိုက်လိုက်ရ 👋👋"
YOU ARE READING
ဝဲဖက်ရင်အုံ၌ထကြွသောင်းကျန်းနေသောကျွန်တော့်ရဲ့ပိုးတုံးလုံးလေး(completed)
Fanfictionကျွန်တော်P'ကိုချစ်တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်........နောက်တော့မကျသေးဘူးမလား P'။(Title Kirati) တချို့အရာတွေကအနီးမှာရှိပေမယ့်မမြင်နိုင်ခဲ့လို့အလှမ်းဝေးသွားတာတွေအများကြီးဘဲN'။(Earth Katsamonnat) ကျွန်တော်P'ကိုချစ်တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်........နေ...