Part-16
3.3K 224 10
Zawgyi
"ကိုကို"
"ဟင်​"
"​ဖျား​နေ​သေးလားဟင်​ ​ဆေး​သောက်​မလား အိမ်​မှာ​ဆေး​တွေမထား ထားဘူးလား"
"ဟင်​အင့်​....မသိဘူး"
"ဟာ...မရဘူး​လေ ကိုကို ဒီတိုင်းအိပ်​​နေရင်​ အဖျားကြီးလာလိမ့်​မယ်​ ​ဆေး​သောက်​ရမယ်​​လေ"
"​မော်​"
"ဘာလဲ...."
"စကားမများပဲ ကိုယ့်​​ဘေးလာအိပ်​ပါလား "
"ခန​လေး ကိုကို အတွက်​​ဆေးရှာပြီး မှ ကျွန်​​တော်​ အိပ်​..."
"လာပါဆိုကွာ.............."
ကိုကို အခန်းထဲတွင်​ ​မော်​ မအိပ်​ပဲ ဟိုဘက်​​လျှောက်​လိုက်​ဒီဘက်​​လျှောက်​လိုက်​နှင့်​ ​ဆေးဘယ်​နားရှိမလဲဟုလိုက်​ရှာ​နေမိသည်​။ထိုစဉ်​ ကိုကိုက စိတ်​မရှည်​​တော့သဖြင့်​ ​မော်​လက်​​လေးကိုဆွဲချလိုက်​တာ​ကြောင့်​ .....​မော်​တစ်​​ယောက်​  လက်​ကိုဆွဲလိုက်​တဲ့အရှိန်​နဲ့ ကုတင်​​ပေါ်​ရောက်​သွား​တော့သည်​။ ကိုကို က​တော့ ဆွဲချလိုက်​​တာသူမဟုတ်​သလိုပဲလက်​ တစ်​ဖက်​ကို နဖူး​ပေါ်​ပေါ်တင်​ရင်း မျက်​လုံး​တွေကို ပြန်​မှိတ်​ထားလိုက်​သည်​။မိုး​ရေထဲဆိုင်​ကယ်​စီးခဲ့ရတာမို့ ထင်သည် ​​အ​အေးပတ်​ကာအဖျား​ရေး​ရေး​လေးရှ်ိ​နေ​သော ကိုကို မျက်​နှာ​လေးကို ​မော်​​ငေးကြည့်​​နေမိသည်​။မျက်​လုံး​တွေမှိတ်​ပြီးအိပ်​​နေတာ​တောင်​ ကိုကိုရဲ့ ဆွဲ​ဆောင်​မူ​ကောင်း​သောမျက်​နှာ​လေးက ​ပျောက်​ပျက်​မသွား​ပေ.........။ကျွန်​​တော်​က​တော့ အသား​တွေသာဖြူ​နေပြီး ချစ်​စရာ​ကောင်း​နေတတ်​တာပဲရှိကာ ကိုကို့လို​တော့ ခန့်​ညှား​ချော​မောမ​နေပါ။တကယ်​ မနာလိုဖြစ်​လိုက်​တာ....။
ငေးကြည့်​​နေရင်းမှ ​မော်​မ​နေနိုင်​စွာ ကိုကို ရင်​ခွင်​​လေးထဲတိုးဝင်​အိပ်​စက်​ ရဖို့ အ​ရေး စကားလမ်း​ကြောင်းရှာရ​တော့သည်​။
"ကိုကို"
"အင်​"
" ကျွန်​​တော်​ ​အေး​နေပြီ "