"မဖြူစင်နိုင်မှုအပေါ်အားနာပါတယ်...ညီရယ်~~"

မဖြူစင်မှု......
အားနာခြင်းတဲ့လား။...

ကိုယ်နားပါးတာသူမသိလေရော့လားလေ။တံခါးတွေကိုခြားထားပေမဲ့ကိုယ်နဲ့သူကနှလူံးသားချင်းနီးနေကြတယ်မလား။မဖြူစင်နိုင်ခြင်းအပေါ်ကျေးဇူးတင်ပါတယ်P'ရယ်။မချစ်နိုင်ထင်လို့နာကျင်မိသမျှ၊ညီအစ်ကိုသံယောဇဉ်ကိုအရောင်ဆိုးသူဟုထင်သွားမှာကိုယ်စိုးခဲ့သမျှသူကဖုံးကွယ်ခဲ့သည်တဲ့လား။ဘယ်အချိန်ထိကိုယ့်ကိုနောင်တတွေနဲ့ရှင်သန်ဖို့သူလုပ်ရက်သနည်း။

ကိုယ်မလိုချင်တဲ့အရောင်မဲ့မေတ္တာတွေကိုသူကပေးဖို့ကြိုးစားသည်။
ကိုယ်လိုချင်တဲ့ချစ်ခြင်းမေတ္တာမျိုးကျသူဘာလို့ပေးဖို့ထိန်ချိန်ထားသနည်း။

ညီကကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းနဲ့သက်ဆိုင်နေတယ်...ဆိုတဲ့စကားတိုးတိုးကိုနားဆောင်ပြီးတည်းကကိုယ့်နှလုံးသားကဒူးထောက်ဖို့အသင့်ဖြစ်နေဟန်တူပါသည်။သူသာတစေ့စာလောက်ပွင့်လင်းပေးပါကကိုယ့်ကပညတ်ချက်တွေကိုမျက်နှာလွှဲကာ၊ဖြစ်တည်မှုတွေကိုမေ့ပြီးသူ့ရင်ခွင်ထဲတိုးဝင်းဖို့အသင့်ပင်။သူခံစားချက်တွေကိုသူနားလည်သလိုကိုယ်ကလည်းကိုယ့်ခံစားချက်ကိုဖွင့်ဟပြထားပါလျက်သူကဘာကိုငြင်းဆန်ချင်သည်တဲ့လဲ။

ကိုယ့်အာရုံတွေထွေကာရီဝေဝေဖြစ်နေတာမှန်ပေမဲ့အသိစိတ်မပျောက်သေး။Beerနှစ်ဘူးလောက်နဲ့ကိုယ်ကမူးမဲ့သူလို့သူထင်နေတာများလား။မူးနေရင်တောင်P'ရင်ခွင်မို့ကိုယ်ကတိုးဝင်ရဲခဲ့တာ။ဒီလူ့နှုတ်ခမ်းတွေမို့ကိုယ်အနမ်းခြွေခဲ့တာ။

ယောကျာ်းလေးတယောက်ဖြစ်နေလို့များရယ်လား။ယောကျာ်းလေးချင်းချင်းမို့သူငြင်းဆန်တာလား။straightလို့ခဏခဏပြောဖူးတဲ့ကိုယ့်ရဲ့စကားတွေဖြစ်နေလို့သူကမယုံချင်တာလား။ကိုယ်gayမဟုတ်ဘူး။ယောကျာ်းလေးဆိုတဲ့ဖြစ်တည်မှုနဲ့သူတွေကိုကြိုက်တာမဟုတ်ဘူး။P'Singဆိုတဲ့သူ့ကိုမှချစ်တာ။ယောကျာ်းဖြစ်နေလို့ချစ်တာမဟူတ်ဘဲကိုယ့်နှလုံးသားပုံအပ်မိတဲ့သူကယောကျာ်းလေးဖြစ်နေခဲ့တာ။ယောကျာ်းလေး၊မိန်းကလေးရယ်ဆိုတဲ့ဖြစ်တည်မှုကိုမဟုတ်ဘဲP'SingကP'Singဖြစ်နေလို့ကိုကိုယ်ချစ်ခဲ့ကြောင်း။သူကဘာပဲဖြစ်နေဖြစ်နေချစ်နေဦးမှာဖြစ်ကြောင်း...ကိုယ်အော်ဟစ်ပေါက်ကွဲချင်လာရတော့၏။

The Relationship Between Us(Completed )Where stories live. Discover now