အငြိမ်မနေတဲ့ လက်တွေကလည်း Babyရဲ့ ခန္ဓာကိုယ်ကို ထိတွေ့နေမိတယ်။ Sensitive ဖြစ်တဲ့ Babyဆီကနေ သိပ်မကြာခင် ညည်းသံလေးတွေ ကြားလာရတယ်။ Renjun ရဲ့ ညည်းသံကြားလေ Jaeminရဲ့ စိတ်အစုံဟာ ထိန်းချုပ်နိုင်စွမ်းမဲ့လေ ဖြစ်သည်။ နောက်ဆုံး Jaemin တစ်ယောက် ရေချိုးခန်းထဲကနေ RenJunကို ချီလို့ ကုတင်ပေါ်ကို ရောက်လာခဲ့တယ်။

ထို မှ တ ဆင့် ....

နှစ်ကိုယ်တူ ပြီးမြောက်ခြင်းအဆုံးမှာတော့  Renjun ကိုယ်က ချွေးတွေနဲ့ ယခင်က ရေစိုလက်စနှင့်အတူ တစ်ကိုယ်လုံး စိုရွဲနေလေသည်။

Jaemin, Renjun ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းတော့ ရင်ခွင်ထဲကို တိုးဝှေ့လာတာသည်။ သာမန်လူမဟုတ်တဲ့ Vampireတစ်ယောက်နဲ့ ဆက်ဆံရသည်မို့ RenJun အရမ်းပင်ပန်းနေလောက်မည်။ မျက်လုံးလေးတောင် မဖွင့်နိုင်ဘဲ ရင်ခွင်ထဲ မှိန်းနေလေသည်။

Jaemin ရင်ခွင်ထဲက RenJun ကို ခဏထုတ်ကာ ရေချိုးခန်းထဲဝင်ကာ ရေနွေးစပ်လိုက်လေသည်။ ပြီးတော့ အိပ်ရာပေါ်က RenJunကို ပွေ့ချီရင်း ရေနွေးနွေးလေးနဲ့ ရေချိုးပေးလိုက်သည်။ ရေချိုးပြီးတဲ့နောက် Jaemin, RenJun ကို အဝတ်အစား သေချာလဲပေးပြီး ရင်ခွင်ထဲ ထည့်ကာ ချော့သိပ်လိုက်သည်။

'Good night Baby ပင်ပန်းသွားပြီ အိပ်တော့'

'အင်း Good night Jaem'

Good night kiss ပေးရင်း ရင်ခွင်ထဲက ကလေးလေးကို ချော့သိပ်လိုက်သည်။ ညဘက်မအိပ်တတ်တဲ့ ကျွန်တော်က ဒီညတော့ ရင်ခွင်ထဲက ကလေးကို ချော့သိပ်ရင်း အိပ်ပျော်ခဲ့ရပါသည်။ ဒီချိန်မှာ Na Jaem ဆိုတဲ့ Vampire လေးရဲ့ မျက်လုံးဟာ ခရမ်းရောင်လေး ပြောင်းနေခဲ့ပါသတဲ့။ Kai hyung ပြောတဲ့ အရမ်းချစ်တဲ့ အချိန်ရောက်သွား လို့ဖြစ်မည် 🙈

မနက်၉နာရီထိုးခါနီးတောင်မှ Jaemin ရင်ခွင်ထဲက Renjunဟာ မနိုးလာသေးပါ။ နှိုးဖို့ကျပြန်တော့လည်း ပင်ပန်းထားသည်မို့ မနှိုးရက်။ Jaemin, RenJun နိုးလာမည့် အချိန်ကိုသာ စောင့်ရင်း နဖူးဆီ အနမ်းခြွေတော့ Renjunရဲ့ ခန္ဓာကိုယ်က ပူနေသလို ခံစားရသည်မို့ သေချာ နဖူးကို စမ်းကြည့်လိုက်တော့ ကိုယ်ပူနေလေသည်။

Jaemin, Renjun ကို နှိုးပြီး ရေပတ်သုတ်ကာ ဆေးတိုက်ဖို့ တွေးလိုက်သည်။ Jaemin ရင်ခွင်ထဲက Renjun ကို နှိုးလိုက်တော့ တအင်းအင်းနဲ့ နိုးလာလေသည်။ မျက်လုံးမပွင့်ဘဲ Jaemin ရင်ခွင်ထဲ အတင်း ပြန်တိုးဝင်ပြီး ခါးကိုဖက်ထားလေသည်။

Sunbae [JaemRen]Where stories live. Discover now