သို့​သော်​လည်း ကျွန်​​တော်​ရင်​ခွင်​ထဲ ​ရောက်​​နေတဲ့ ဒီ စူပါမန်းအဝါ​ကောင်​​လေးက​တော့ ကျွန်​​တော်​ရင်​ခွင်​ထဲက ထွက်​ချင်​စိတ်​ နဲနဲ​လေးမှရှိပုံမရပါ။ကျွန်​​တော်​လည်း ထွက်​ခွာ​ခွင့်​ မ​ပေးနိုင်​သလို ထွက်​ခွာသွားမှာ​ကြောက်​လန့်​စွာပဲ တင်းကျပ်​​နေ​အောင်​ပြန်​ဖက်​ထားမိသည်​ ။ကျွန်​​တော့်​ထက်​ တစ်​လက်​မ​လောက်​သာ ပု​သော ​မော်​ရဲ့ ပုခုံး​လေး​ပေါ်ကို ကျွန်ေ​တာ်​​မေးတင်​ထားရင်းရှူရှိုက်​မိ​သော ​မော်​၏ အ​ငွေ့အသက်​​လေးသည်​ ကျွန်​​တော်​ရဲ့ ဝင်​သက်​ထွက်​သက်​ကိုမှားယွင်း​စေသည်​။
သင်းပျံ့ပျံ့ရ​နေ​သော ​ခေါင်း​လျှော်​ရည်​ နံ့မ​ပျောက်​​သေးသည့်​​ ​ပျော့​ပျောင်းနူးညံ့ ​နေ​သော ဆံပင်​ဝါဝါ​လေး​တွေကို ကျွန်ေ​တာ်​သတိထားမိချိန်​တွင်​ ထိုဆံပင်​​လေး​ကိုနမ်းရှိုက်​ချင်​စိတ်​​တွေ တားမရဆီးမရ ဖြစ်​လာသည်​။ထို​နောက်​ ဆံပင် ဝါဝါ​တွေ​အောက်​ဖုံးလွှမ်း​နေ​သောဖြူဝင်း​နု​နေ​သောလည်​ပင်းနုနု​တွေဆီ အကြည့်​​ရောက်​ချိန်​တွင်​.....မျက်​လုံးအကြည့်​​တွေကိုလွှဲကာ.....အသက်​ကိုခပ်​​ဖြည်းဖြည်းရှူရင်း ......စိတ်​ရိုင်း​တွေကို​လျော့ချပြစ်​လိုက်​သည်​။
မော်​ကိုဖက်​ထား​သော သူ့လက်​​တွေကို မလွတ်ေ​ပးလိုက်ချင်ပဲ​​လွတ်​​ပေးလိုက်​ရင်း....သက်ပြင်းေ​​တွသာချ​နေမိသည်....​မဖြစ်​ဘူး​မော်​ ငါ ဘာ​တွေဖြစ်​​နေမှန်းလဲမသိဘူး ငါ့ရင်​​တွေအဆမတန်​ခုန်​​ပေါက်​​နေတယ်​ ​ပေါက်​ကွဲထွက်​​တော့မယ်​ ထင်​တယ်​ကွာ.....။
"အဟမ်း....မင်းငါ့ကို ဘယ်​ချိန်​ထိဖက်​ထားမှာလဲ ​မော်​"
"ဟင်​..."
ကျွန်​​တော်​ ​ပြောလိုက်​​တော့ ကျွန်​​တော်​ရင်​ခွင်​ထဲ ​​ရောက်​​နေသည့်​ စူပါမန်းအဝါ​ကောင်​​လေး က ဖက်​ထားတဲ့လက်​​တွေကို
အလန့်​တကြား လွတ်​​ပေးရင်း မျက်​လုံး​လေးပြူးကာ ကျွန်​​တော့်​ကို ကြည့်​​နေသည်​။ ကျွန်​​တော်​ကလည်း ကြည့်​​နေသည်​မို့
အကြည့်​ချင်​ဆုံမိချိန်​ ......အရှက်​လွန်​​နေသည့်​ ​ပန်း​ရောင် ​သန်း​နေ​သော ​မော်​မျက်​နှာ​လေး သည်​ ဆိုင်​ကယ်​မီး​ရောင်​နှင့်​ လ​ရောင်​ ​မှောင်​ရီဝိုးတဝါး​အောက်​ ချစ်​စရာအရမ်း​ကောင်း​လွန်းေ​နသည်​ဟုထင်ေ​နမိသည် ။ကျွန်​​တော်​ကိုမကြည့်​ရဲလို့ထင်​သည်​ သူ့ရဲ့အကြည့်​​တွေကိုလွှဲချသွားပြီး ရှက်​​နေသည့်​ ​ကောင်​​လေးကို ကြည့်​ရင်း ကျွန်​​တော်​ရဲ့ စိတ်​​တွေထိန်းချုပ်​ရတာ ပို၍ခက်​ခဲလာသည်​။