ဒီအချိန်​ဆို Taxi ​တွေ ဆိုင်​ကယ်​ ကယ်​ရီ​တွေလဲ ရှိချင်​မှရှိ​တော့မှာမို့ အိမ်​ပြန်​ရန်​အကြပ်​ရိုက်​​နေရသည်​။အလာတုန်းက​တော့ ဇွဲရှိ​အောင်​က ဝင်​ပို့သွားတာမို့ အပြန်​ကျ​တော့ ဘာနဲ့ပြန်​ရမယ်​မှန်းမသိဖြစ်​​နေသည်​။ ဒီအချိန်​ကြီးဇွဲရှိ​အောင်​ကိုလာကြိုခိုင်းရမှာလည်းအားနာသည်​မို.............ဘယ်လိုလုပ်ရမလဲစဉ်းစားရင်း ​​​​တိုကပ်​​နေ​သော ဆံပင်​​တွေထဲကိုသာ လက်​​တွေထိုးထည့်​ကာ ခနခနဖွ​နေမိသဖြင့်​ ကြာ​တော့ ဆံ​ပင်​​တွေ​တောင်​ သူ့ကိုအမြင်​ကပ်​​နေ​လောက်ပြီထင်​သည်​။သူ...အချိန်​​တော်​​တော်​ကြာ​အောင်​ စဉ်းစား​နေပြီးမှ ဆိုင်​တွင်​ gasအိုးပို့ရန်​ ထားထား​သော ​ခွေးဘီလူးကား​လေး ရှိ​နေသည်​ကို သတိရလိုက်​သည်​။
"ဟုတ်​သားပဲ.....​ခွေးဘီလူးရှိတယ်​.....အဲ့ဒါနဲ့ပြန်​.....ဟာ​သေစမ်း.....​မ​မောင်းတတ်​ဘူး"
ငိုချင်​စိတ်​​တွေ​တောင်​​ပေါက်​လာသည်​........ ကား​မောင်​သင်​တုန်းက Auto ဂီယာ​တွေနဲ့သာ သင်​ခဲ့သည်​မို့.....​ခွေးဘီးလူးကားကိုသူမ​မောင်းတတ်​။ခုနက ပြန်​ရ​တော့မှာမို့ တတ်​ကြွသွားမိ​သော်​လည်​....အခု​တော့ ထိုင်​​ခုံ​ပေါ်သာ ပစ်​စလတ်​ခတ်​ ထိုင်​ချမိပြန်​သည်​။ရုံးခန်းထဲမှာပဲ အိပ်​ရင်​လဲ ရတာပဲ​လေ ဆိုပြီး ရုံးခန်းပတ်​ပတ်​လည်​ကို လှည့်​ပတ်​ကြည့်​​နေမိစဉ်​ သူ့မျက်​ခွံ​တွေ​လေးလံလာသည်​.......ဟုထင်​​နေမိသည်​။ထိုအချိန်​တွင်
မျက်​လုံးထဲ​ပေါ်လာသည်​က ​မော်​မျက်​နှာ......အသား​တွေဖြူ​ဖွေးပြီး ​ဆံပင်​အဝါ​ရောင်​ ​ရှည်​ရှည်​​လေး​တွေနှင့်​ အရမ်းကို​ချော​မော​နေသည်​။ အ​ပေါ်နှုတ်​ခမ်း​လေး​တွေပါးပြီး.....​အောက်​နှုတ်​ခမ်းသား​လေး​တွေ ထူ​နေတာက စွဲမက်​ဖွယ်​​ကောင်းသည်​။မော်​က ရုံးခန်းတံခါးဆွဲဖွင့်​ကာ သူဆီတည့်​တည့်​လျှောက်​လာသည်​......မှိန်​​ဖျော့​ဖျော့မီး​ရောင်​​အောက်​ တစ်​လှမ်းချင်းလှမ်းလာ​သော ​မော်​​ခြေလှမ်းများသည်​.....ကြမ်းပြင်​ကိုနင်းပြီး​လျှောက်​လာသည်​ဟုမထင်​ရပဲ .....သူ့နှလုံးသားနုနု​ပေါ်သို
လျှောက်​လှမ်းလာသည်​နှင့်​တူ​နေသည်​။မော်​ မျက်​နှာ​လေးက​တော့ သူ့ကိုမြင်​လိုက်​ရလို့ အရမ်း​ပျော်​​နေသည့်​ပုံ​လေးနှင့်​ ပြုံး​နေ၏.........​မျက်​လုံး​လေး​တွေကလဲ သူ့ကိုစိုက်​ကြည့်​​နေ၏.....သူ​မော်​မျက်​လုံးနဲ့ဆုံမိချိန်​ ......ရင်​ဘတ်​​တွေကထိန်းမရ​အောင်​ တဒုတ်​ဒုတ်​နဲ့ ခုန်​​နေသည်​............
ဘာ​တွေဖြစ်​​နေတာလဲ သူ​သေချာမသိသလို ​ဝေခွဲ၍လဲမရခဲ့။
သေချာသည်​က ​မော်​သူ့ဆီ​ရောက်​လာခြင်းအတွက်​..........
ပျော်​သည်​ထက်​ သူရင်​​တွေအဆမတန်​ခုန်​ကာမြန်​​နေသည်​။
မော်​ သူ့အနား ​ရောက်​လာပြီး သူ့ပခုံး​လေးကို ကိုင်​ကာ ....
အိမ်​ပြန်​ရ​အောင်​ ဟု ပြုံးရင်း တိုးတိတ်​​သော အသံတို့ဖြင့်​​ပြော​နေသည်​။ သူသည်​....​မော်​၏ ညို့ယူခြင်းခံထားရသူတစ်​​ယောက်​လို ​မော်​ကိုသာ မျက်​​တောင်​မခတ်​စတမ်းစိုက်​ကြည့်​​နေမိသည်​။သူ ​မော်​ကို ကြည့်​​နေရင်း........သူ့ကိုအိမ်​ပြန်​ဖို့​ခေါ်​နေသည့်​​မော်​အသံ​တွေက ပိုကျယ်​လာသည်​ဟု ထင်​မိသည်​.....။