ဒုန်း ဒုန်း ဒုန်း ❕❕
" အားလုံးပဲ အာရုံစိုက်နားထောင်ပေးကြပါ အကိုတို့ကျောင်းကို လာပြီးတက်ရောက်ကြတဲ့ ညီငယ်ညီမငယ်တွေအတွက် Fresher Welcome လုပ်ဖို့ကို အသိပေးချင်ပါတယ် အဲ့ဒီအတွက် ပါဝင်ချင်တဲ့သူတွေက အကိုတို့ဆီကို စာရင်းလာပေးလို့ရပါပြီနော် Dancer လေးတွေက ပတ်ခ်ချန်းယောလ်ဆီ စာရင်းပေးပါ Singer လေးတွေက ကင်ဂျုံဒယ်ဆီကို သွားပေးပါနော် ပြပွဲအတွက်ကလေးတွေက အကို့ဆီလာပေးပါ စာရင်းစကောက်ပါပြီနော် "
စတုတ္ထနှစ်မှ စီနီယာအကိုကြီးများက ဒုတိယနှစ်ဂျူနီယာလေးတွေအခန်း၌ နေရာယူကာ အုတ်နင်းသောင်းနင်းဖြစ်အောင်လုပ်ပစ်လိုက်သည်။ ပွဲထဲပါဝင်မယ့်လူတွေက အခန်းတစ်ဝက်တောင် မကျန်တော့တာမို့ ဂျွန်မြောင် သဘောတကျရယ်လိုက်မိသည်။
" ငါတို့ကျောင်းက အနုပညာကျောင်းနဲ့ မခြားမနားပဲ ကြည့်ပါဦး တစ်ခန်းလုံးများပါသလားမှတ်ရတယ် မင်းနဲ့ငါကလွဲရင် နော် ဆယ်ဟွန်း "
" ဘယ်သိမှာလဲ "
ဂျွန်မြောင်စကားကို စွန့်အအောင်ချေပလိုက်သော လူဆိုးကျောင်းသားဆယ်ဟွန်းကို ခပ်နာနာမျက်စောင်းထိုးလိုက်သည်။ ကိုယ်ကသာ တစ်ယောက်တည်းမျက်စောင်းထိုးနေရတာ သူကတော့ ခေါင်းမှောက်အိပ်နေလေရဲ့!!
" ဟေ့ကောင် မအိပ်နဲ့ ထဦး "
အင်္ကျီစကိုကိုင်ကာ ပထမတစ်ခါနှိုးလိုက်သည်။ ရီအက်ရှင်းကတော့ တုတ်တုတ်မျှမလှုပ်...။
" အိုဆယ်ဟွန်း ထစမ်းကွာ မင်းစီနီယာတွေကိုတော့ လေးစားသင့်တယ် ပြီးမှအိပ် "
" ကျစ် ရှုပ်လိုက်တာ "
ဟော ခေါင်းကတော့ ထောင်လာပါရဲ့ ရုပ်ကတော့ မှုန်ကုပ်နေသည်။ စာရေးစားပွဲပေါ်ခြေထောက်ကို တင်လိုက်ပြီး လက်ပိုက်ကာ စီနီယာအကိုကြီးတွေကို ကြည့်နေပုံက ကြက်သီးထစရာ။
" အို အိုဆယ်ဟွန်း အိပ် အိပ်ချင်ရင် ပြန်အိပ်တော့ "
ကိုယ့်စကားကို ကြားရဲ့လားတောင်မသိ မျက်လုံးတို့က လူတွေကြိတ်ကြိတ်တိုးနေတဲ့ စတိတ်ပေါ်က စီနီယာသုံးယောက်နားမှာ ရောက်နေမှန်းသိသာသည်။
YOU ARE READING
Senior Vs Junior
Romanceလေပြေညှင်းညှင်းလေးကို ကိုယ်မြတ်နိုးမိပေမယ့် လေပြင်းပြင်းလေးကို စွဲမက်နေမိတယ် ။ ဒါပေမယ့် မင်းလိုမုန်တိုင်းကို ပိုသဘောကျတယ် ။ - pico_yang -
