ကျွန်တော့်ဘေး လူတစ်ယောက်ဝင်ထိုင်လိုက်သည်ကို သိလိုက်သည်။ သို့သော် မျက်လုံးဖွင့်မကြည့်မိပေ။ လေအသင့်မှည ထိုလူရဲ့ကိုယ်က ဆွတ်ထားတဲ့ ရေမွှေးအနံ့ သင်းသင်းလေးက နှာခေါင်းထဲ တိုးဝင်လာသည်။ ဒီလို ရေမွှေးနံ့မျိုး ကို RenJun ရင်းရင်းနှီးနှီး ရဖူးသည် အာ ... Hyungက အဲ့လိုရေမွှေးစွတ်တတ်သည်။ wait မဟုတ်မှလွဲရော တကယ်ပဲ Hyungများလား ဆိုသည့် သိလိုစိတ်နဲ့ Renjunမျက်စိဖွင့်ပြီး ဘေးကလူကို ကြည့်လိုက်တယ်။

"ဆောရီးနော် Renjun ကိုယ့်ကြောင့် နိုးသွားတာလား"

Jaemin သူ့ကို ထူးဆန်းစွာ ကြည့်လာသော Renjunကို မေးလိုက်သည်။

*မ မဟုတ်ဘူး ဒီတိုင်းနိုးလာတာ hyung*

Renjun နားကြပ်တစ်ဖက်ကို ဖြုတ်ရင်း ပြန်ပြောလိုက်သည်။

*ဒီမှာ ကိုယ်ထိုင်လို့ အဆင်ပြေပါတယ်နော် တခြားနေရာတွေလည်း ထိုင်ဖို့မရှိတော့လို့*

Jaemin ကားထဲကို ညွှန်ပြရင်း Renjun ကို ကြည့်ကာ ခွင့်တောင်လိုက်သည်။

*ဟုတ်ကဲ့ hyung ရပါတယ် ထိုင်ပါ*

*အင်း ကျေးဇူး RenJun*

Jaemin ကျေးဇူးတင်ကြောင်း ပြောပြီးတဲ့နောက်မှာတော့ Renjunက တစ်ဖက်ကို ပြန်လှည့်သွားပြီး နားကြပ်ပြန်တပ်ကာ မျက်လုံးစုံမှိတ်လို့ အိပ်လိုက်သည်။

>>>>>>>>>>>> Sunbae  <<<<<<<<<<<<

ဆိုးလ်က ည၉နာရီလောက် ထွက်လာခဲ့ပြီး ဂျယ်ဂျူကျွန်းကိုရောက်တော့ မနက်စောစော ၄နာရီလောက်ဖြစ်သည်။ ကြို ပြီး bookingလုပ်ထားတဲ့ ဟိုတယ်မှာ အခန်းကိုယ်စီယူကြသည်။ ၂ယောက်၁ခန်း နေကြဖို့ စီစဉ်ထားသည်မို့ လူလည်း ခွဲလိုက်ချိန် RenJun နဲ့ Jaemin က roommate ကျလေသည် ။

WTF! ကိုယ်သဘောကျတဲ့သူနဲ့ တစ်ခန်းတည်းနေရမယ်တဲ့လား။ အခန်းခွဲပြီးတော့ သော့ကိုယ်စီယူကာ မိမိတို့ အခန်းဆီသို့ လာခဲ့ကြသည်။ အခန်းထဲရောက်တော့ Renjunက Jaeminကို စကားစလိုက်သည်။

*hyung ဘယ်ဘက်မှာ နေမလား ညာဘက်မှာနေမလား*

* Renjun အဆင်ပြေတဲ့နေရာယူပါ hyungက ရပါတယ်*

Sunbae [JaemRen]Tahanan ng mga kuwento. Tumuklas ngayon