အဖြူရောင်တိမ်စိုင်တိမ်ခဲတွေ...ပျံသန်းနေသော
ကျေးငှက်မောင်နှံတွေ .. လှပလွန်း၍ပြာလဲ့နေသော
ကောင်းကင်ပြာ.....
အရှိန်အဝါအပြည့်ထွန်းလင်းတောက်ပနေသောနေမင်း
၏အလင်းရောင်တချို့က ...
မြက်ခင်းစိမ်းပေါ်တွင်လှဲချနေသော သူ၏မျက်နှာပေါ်သို့တိုက်ရိုက်ကျဆင်းနေလေရဲ့...
အရာရာကအမြဲဒီလိုသာလှပနေမယ်ဆို ဘယ်လောက်တောင်ကောင်းလိုက်မလဲ လောကကြီးရေ...
လက်ထဲတွင်ဆုပ်ကိုင်ထားသော ဓာတ်ပုံဟောင်းတခုကိုကြည့်လိုက်မိသည်"ထားသွားတာတောင်၃နှစ်ရှိပြီ နော် မေမေ ဒီနာကျင်နေတဲ့ဘဝကြီးမှာ ကျနော်ဘယ်လိုနေရမလဲ ကူစဉ်းစားပေးလှည့်ပါလားဗျာ.."
မျက်ဝန်းထောင့်မှစီးကျလာသောမျက်ရည်စက်တချို့..
ငိုနေမိပြန်ပြီပဲ."တေဇ..."
ခေါ်သံကြား၍မျက်ရည်များကိုသုတ်ကာထကြည့်လိုက်သည်..
အပြုံးနှင့်ဆီးကြိုနေသော သူမ"တေဇ ငါလိုက်ရှာနေတာကြာပြီနင်ကဒီမှာလာအိပ်နေတယ်ပေါ့"
ခပ်ရဲ့ရဲ့ပြုံးပြကာခေါင်းခါမိတော့
"အေး ပြုံးနေအဲ့မျက်နှာကြီးကို ကောက်ထိုးချင်လာပြီ"
ထိုအခါမှသူမရဲ့ဆံပင်တွေကိုဖွကာ
"ဒီအပြုံးကြောင့်ပဲ တနေ့တနေ့နင်နဲ့ရန်ဖြစ်နေရသလိုပဲ
ဆောင်း..""အဲ့တာဆိုမပြုံးနဲ့လေ အဲ့အပြုံးကိုသိပ်ကြည့်ရတာမဟုတ်ဘူး "
တေဇအားမျက်စောင်းထိုးပြီးပြောတော့ တေဇတယောက် စိတ်မရှည်စွာထရယ်ရင်း..
"ငါ့အပြုံးကနင့် ကလေးမကိုခြွေချနေလို့မလား"
"အေး ဟုတ်တယ် နင့်ကြောင့် သူကငါ့ကိုလှည့်မကြည့်တာ "
ဆူပုတ်ကာပြောနေသော ဆောင်းနဒီလင်းဆိုသောသူမအား ဒီလိုအချိန်ဆို အသဲယားလွန်းလို့ဆွဲကိုက်ပစ်ချင်တဲ့စိတ်ကတဖွားဖွား
YOU ARE READING
If I Love You
Randomနာကျင်နေရင်တောင်ခင်များဆိုတဲ့စိတ်တစ်ခုတည်းနဲ့ကျွန်တော်အားတင်းထားတယ်