'ဆရာတို့ မင်းတို့တွေအတွက် Fresher Welcomeကို လာမယ့် ၂၃ရက်နေ့ လုပ်လိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စီနီယာတွေက အသေးစိတ်ပြောပြလိမ့်မယ်။ လာ သားတို့၊သမီးတို့ ဝင်ခဲ့ကြ အေးဆေးပြောကြနော် ဆရာ အစည်းအဝေးရှိလို့ သွားလိုက်ဦးမယ်'

'Nae'

ဆရာကတော့ စကား အနည်းငယ် ပြောပြပြီးတဲ့နောက် အခန်းထဲက ပြန်လည် ထွက်သွားလေသည်။

'Renjun ဟျောင့် စီနီယာNa ပါလာတယ်ကွ'

'ဟင်'

Haechan လှမ်းပြောသံကြားတာနဲ့ Renjun အရှေ့ဘက်ကို ကြည့်လိုက်သည်။ Renjun အ​ရှေ့ဘက်က စီနီယာများ Fresher Welcome အကြောင်း ပြောပြသွားတဲ့တစ်ချိန်လုံး ကြားတစ်ချက် မကြားတစ်ချက်။ဂအကြောင်းရင်းကတော့ အထွေအထူးမဟုတ် အရှေ့မှာ မြင်နေရတဲ့ သဘောကျရသူကို ခိုးခိုးကြည့်နေရလို့ပင်။

'ဒီအတန်းထဲမှာ Performance လုပ်ချင်သူတွေ ကျွန်တော့်ကို စာရင်းလာပေးလို့ရပါတယ်။ ခုတစ်ခါတည်း ပေးလိုက်လည်း ရပါတယ်။ မဟုတ်လို့ နောက်မှ လာပေးချင်လည်း ရပါတယ်။ စာရင်းကိုတော့ ၁၈ရက်နေ့ နောက်ဆုံးထားပေးရပါမယ်။'

နောက်ဆုံး သူ့ဆီ စာရင်းလာပေးဖို့ ပြောတဲ့ စီနီယာရဲ့အသံဟာ RenJun နားထဲတော့ ချိုမြနေတဲ့ တေးသံလေး ပျံ့လွင့်နေသလို ဒီလို တစ်ယောက်တည်း တွေးပြီး ရင်ခုန်နေသည်ကို ဖျက်ဆီးသည်ကတော့ သူငယ်ချင်း အရင်းကြီး Lee Haechan ပါပင်။

'Renjun မင်း သီချင်းဆိုပါလား'

'ဟင့်အင်း မဆိုတော့ပါဘူးကွာ'

Renjun ငြင်းလိုက်ပေမယ့် Haechan လက်ထောင်ပြီး စီနီယာတွေကို လှမ်းပြောလိုက်သည်။

'ဆိုပါ မင်းကလည်း ... Sunbae ဒီမှာ Renjun သီချင်းဆိုမလို့တဲ့'

'ဟျောင့် Haechan မင်းကွာ'

'Renjun-ssi က ဘာသီချင်းဆိုမှာလဲ မသိဘူး။ အကယ်၍ ခုစဉ်းစားလို့ မရရင် နောက်မှ သီချင်းကို လာပြောလို့ရတယ်နော်'

Jaemin, Renjun ကို ပြုံးကြည့်ရင်း ပြောလိုက်သည်။

'Nae Sunbae'

Haechanဘက်ကို လှည့်ပြီး မင်းကတော့ မွှေပြီဆိုတဲ့ အကြည့်နဲ့ ပြာကျမတတ် ကြည့်နေလိုက်သည်။ ရင်ထဲမှာလည်း သူ့ကို ကြည့်ပြီး ပြုံးပြသွားတဲ့ Sunbaeရဲ့ အပြုံးကြောင့် ရန်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေပြီး မျက်လုံးထဲလည်း ထိုအပြုံးလေးကိုပဲ ထပ်ခါ ထပ်ခါ မြင်ယောင်နေမိသည်။

Sunbae [JaemRen]Where stories live. Discover now