Episode-1

1.4K 59 3
                                    

*She*
အပိုင်း-၁

ဖြူ ... ဖြူဝတ်မှုန်သွင် နာမည် အရှည်ကို မသုံးဘဲသူမနာမည် ကို ဖြူ ဟုဆိုကာအဖျားစွတ်သုံးတတ်သော သူမ ^
White Rose .Com ၏ ဥက္ကဌ ဖြစ်သူ ၏တစ်ဦးတည်းသော သမီး ^နာမည်လေးနဲ့ လိုက်အောင်ပင် စိတ်ထားမှာလည်းမောက်မာမှုမရှိပဲ ဖြူစင်သောသူမ
ရုပ်ရည် ဆိုသည်မှာလည်း ယောကျာ်းလေးများ သာမက မိန်းကလေးချင်းပင်ငေးလောက်သောသူမ အရာရာ ပြည့်စုံလွန်းလှသည်ဟု ထင်ရသော် လည်း လက်တွေ့မှာတော့ မေတ္တာ တရားဆိုသော အရာမှာ ငတ်မွတ်နေသော သူမ။ဖခင်၏ အလုပ်ဟူသောအကြောင်းပြချက်နဲ့ လျစ်လျှူရှုမှု မိထွေးသားအမိနဲ့အဆင်မပြေမှုတွေနဲ့သူမ မှာလည်း ဖြူဝတ်မှုန်သွင်သာဖြစ်သည်။

"ဟဲ့..ဒါတွေ အခုထိလုပ်နေတာမပြီးသေးဖူးလား"

အဝတ်တွေလှမ်းနေသော ဖြူ ကို မိထွေး၏သမီးဖြစ်သူ မှ စိတ်မရှည်ဟန်ဖြင့် အော်လိုက်လေ၏။
White Rose com ရဲ့သူဌေးသမီး က အဝတ်တွေလျှော်သောလှမ်းသောအလုပ်ကို လုပ်နေရသည်မှာ အိမ်အကူ မရှိလို့မဟုတ်။ မိထွေး၏အပြစ်ပေးသည်ဟူသောစကားနှင့်သာ ဖြူတစ်ယောက် လုပ်နေရခြင်းဖြစ်သည်။ဘေးမှ အိမ်တော်ထိန်း နဲ့ အလုပ်သမားလေးများက ဖြူကိုကြည့်ကာ စိတ်မကောင်းဖြစ်နေကြသည်။

အမှန်တော့ဖြူ မိထွေးကို မလွန်ဆန်ရဲလို့မဟုတ်။ ဖြူ မိထွေး ဆီကနေ မိဘမေတ္တာဆိုတာလေး များ ရမလားဆိုသည့်စိတ်လေးနဲ့သာဖြူ မိထွေး အလိုကျနေခဲ့ခြင်းဖြစ်သည်။ ဖြူ၇နှစ် သမီးလောက်ကတည်းက ဖြူမေမေ မတော်တဆဖြစ်ပြီးဆုံးပါးသွားသည်။နောက် ဖြူဖေဖေက ဖြူအတွက် အမေနဲ့ ညီမလေး တစ်ယောက် ရှာပေးမယ် လို့ပြောကာ မိထွေးနဲ့ သူ၏သမီးကို ခေါ်လာခြင်းဖြစ်သည်။ ဖြူ မိထွေးဆိုတဲ့ ဒေါ်ယမင်းရွှေစင် ထံမှ မိခင်မေတ္တာရမလား ဆိုပြီးမျှော်လင့်ခဲ့သည်။ ဒေါ်ယမင်းရွှေစင်ရဲ့သမီး သီရိရွှေစင် ကိုလည်း အမတစ်ယောက် လို ဖြူ သတ်မှတ်ခဲ့သည်။ သို့ပင်မဲ့မြေခွေးလိုကောက်ကျစ်သော မိထွေးသားအမိကတော့ ဖြူ့ ဖခင် ဦးဟိန်းထွဋ် ရှေ့ကျရင် တစ်မျိုး နောက်ကွယ်တစ်မျိုးနဲ့သာ ဖြူ အပေါ်ဆက်ဆံခဲ့သည်။ဖြူ ထိုသို့ နေလာခဲ့သည်မှာ ဖြူအသက်၁၇နှစ်ကျော်သို့ပင်ရောက်လာလေပြီ။

*She*Where stories live. Discover now