ကောင်လေးလည်း ရှက်ပြုံးပြုံးကာ သူ့သူငယ်ချင်း အမှန်ပြောသည်မို့ ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ ပြီးတဲ့နောက် အကူအညီ တစ်ခု တောင်းလိုက်သည်။

'ဒါပေမယ့် Haechan ငါ သူ့အကြောင်း သိချင်တယ်'

မဆိုင်းမတွဘဲ သူငယ်ချင်းဖြစ်သူကလည်း ကူညီပေးရန် အသင့် ဆိုတဲ့ အနေအထားနဲ့ ခေါင်းပြန်ညိတ်ပြပြီး

'သူက ဘက်စကက်ဘော ဆော့တယ်မလား။'

'အင်း ဆော့တယ်။'

'အဲ့တာဆို Doyoung hyung တို့နဲ့ ခင်မလား မသိဘူး။'

'အင်းနော် ဟုတ်သားပဲ။'

'ငါစုံစမ်းပေးမယ်။ ဒါပေမယ့် မင်းငါ့ကို ကောင်းကောင်း treat ရမယ် ဘယ်လိုလဲ ?'

Give and Take ပဲ 😌 အလကား မရဘူးလေ

'တကယ် စုံစမ်းပေးမှာလား။ ရတယ်။ အိုကေတယ်။ လုံးဝကို special treatမယ်ကွာ။'

သူမေးတော့ Haechan က ခေါင်းညိတ်ပြသည်။ ကိုယ် သဘောကျတဲ့ သူအကြောင်း သိရဖို့ ဒီလောက်လေးကိုတော့ ရင်းရမှာပေါ့လို့ Renjun တွေးမိကာ အအေးခွက်ထဲက အအေးကို တစ်ခါတည်း မော့သောက်လိုက်သည်။

>>>>>>>>>>>> Sunbae <<<<<<<<<<<<

Baby don't cry tonight 🎶🎶

မနက်စောစောစီးစီး ဝင်လာတဲ့ ဖုန်းသံကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ Renjun အိပ်နေရာမှ လန့်ကာ နိုးလာသည်။ စိတ်တိုသွားပေမယ့် ဖုန်းကိုတော့ ပြန်ဖြေလိုက်ပါသည်။

'ဟျောင့် Renjun'

တစ်ဖက်က ထွက်လာတဲ့ အသံကြောင့် ဖုန်းခေါ်သူဟာ Haechan မှန်း သိလိုက်ရသည်။

'အေး ပြော '

'အသံက ဘယ်လိုဖြစ်နေတာလဲ။ အိပ်ရာက မထသေးဘူးလား။ ၁၁ နာရီတောင်ခွဲတော့မှာကို'

Haechan ရဲ့ ၁၁ နာရီတောင် ခွဲတော့မယ်ဆိုတဲ့ စကားကြောင့် မျက်လုံးမနည်းဖွင့်ကာ ဖုန်းက နာရီကို ကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

'ညက ဂိမ်းဆော့တာ မနက်၅နာရီလောက်မှ အိပ်ဖြစ်လို့။ ဘာကိစ္စလဲ ? Haechan'

'စီနီယာအကြောင်း နည်းနည်းသိရပြီ လို့ လှမ်းပြောတာ '

စီနီယာအကြောင်းဆိုတာနဲ့ Renjun မျက်လုံးက ဘလင်း ဘလင်းဖြစ်ပြီး အိပ်နေရာက ချက်ချင်း ထထိုင်မိသည်။

Sunbae [JaemRen]Wo Geschichten leben. Entdecke jetzt