7.7K 737 23
zaw gyi version
ပိစိသည် မထင်ရင်မထင်သလို ကျွန်တော့်အား
ဂျီတိုက်တတ်သည်။
အခုလည်းကြည့်လေ။ကျောင်းမုန့်ဈေးတန်းမှာ ခဏ
တစ်ဖြုတ် သူငယ်ချင်းတစ်ယောက်နှင့် တွေ့လို့ ရပ်စကား
ပြောတာလေးကိုတောင် သူ့ကို အဖက်မလုပ် ဟုပြောပြီး
စိတ်ကောက်သွားသည်။
ပိစိသည် စိတ်ကောက်လျှင် ကျောင်းဆင်းချိန်အထိပင်
စိတ်ကောက်တတ်သောသူ။
ဒါတောင် သူ့ကိုယ်သူ စိတ်သဘောထား ပြည့်ဝသည်ဟူ၍
အမြဲပြောနေလေ့ ရှိသည်။
Shuu~~~အခု စိတ်ကောက်နေသော ပိစိလေးကို
သွားချော့လိုက်ဦးမှ။
ကိုယ့်အိမ်နဲ့ ဘေးချင်းကပ်ဖြစ်သော ပိစိအိမ်ရဲ့ ခြံတံခါး
ကို အသာတွန်းဖွင့်ပြီးနောက် ဝင်လာခဲ့သည်။
ပိစိမေမေကတော့ ကျွန်တော့်ကို တွေ့တော့
"ဟော။လာပါပြီ။အချော့ခံချင်လို့ စိတ်ကောက်နေတဲ့
ပိစိရဲ့လူ။"
"အန်တီ။အစ်ကိုပိစိက သူ့အခန်းထဲမှာဘဲမလား။"
"ဟုတ်ပါ့ရှင်။ကျောင်းကပြန်လာကတည်းက အခန်း
အောင်းနေလေရဲ့။သားကို သူ စိတ်ကောက်ပြန်ပြီမလား။"
"ဟီး။ဟုတ်တယ်။သွားချော့လိုက်ဦးမယ်။အန်တီရေ။"
လှေကားထစ်များအား ဖြတ်ကျော်ပြီးနောက် အစ်ကိုပိစိ
အခန်းနားသို့ ရောက်ရှိလာလေပြီ။
အခန်းတံခါးတွင် pooh အရုပ်စတစ်ကာလေးများ
ကပ်ထားလျက်။ပြီးတော့ စာတစ်စောင်တောင် ချိတ်ထား
လိုက်ပါသေး။
ဘာတဲ့။ ပိစိ စိတ်ဆိုးနေသည်။တံခါးလာမဖွင့်ရ။ ဆိုပင်။
တံခါးဘုအား လှည့်ဖွင့်လိုက်တော့ ဝှီး ခနဲ ကိုယ့်ဆီ
ရောက်လာပါသော ခေါင်းအုံးပျံ။
"အစ်ကို။"
ပိစိသည် ကျွန်တော့်ကို နောက်ကျောပေးထားလျက်။
တစ်သိမ့်သိမ့် တုန်နေသော ကျောပြင်မှာ...
ပိစိ ငိုနေတာများလား?...
စိုးရိမ်စိတ်ဖြင့် အနားတိုးကပ်သွားမိတော့ တကယ်ကို
ပိစိ ငိုနေပါသည်။.