နောက်ဆုံးမျှော်လင့်ချက်နဲ့ ကိုကို့ဆီဖုန်းခေါ်လိုက်တယ်....

"ဟယ်လိုညီ"

"ဟယ်လိုကိုကို နေကောင်းလား"

"ကောင်းတယ်ညီ အထူးဆန်းကိုကို့ကိုဖုန်းဆက်လို့ပါ့လား"

"ကိုကို့ကို မေးစရာရှိလို့"

"ညီဘာသိချင်လို့လဲ"

"လွန်ခဲ့တဲ့လေးငါးနှစ် ညီseoulပြန်မလာခင် ကိုကိုယာဉ်မတော်တဆဖစ်သေးလား"

"........ဘာလို့လဲညီ ဘားမှမဖစ်ပါဘူး"

"ဘားမှဟုတ်ဘူး အဲ့တာမေးကြည့်တာ ဒါဘဲနော်ကိုကို"

"Immm"

လိမ်တယ်

ညနေဖိတ်စာတွေဝေဖို့yeolကလာခေါ်တယ်...
Yeolကြည့်ရတာ ခါတိုင်းထက်ပျော်နေသလိုဘဲ...
အင်းလေ လက်ထပ်ပွဲနေ့ရောက်ရင် သူ့ရည်မှန်းချက်ပြည့်မှာဆိုတော့ ပျော်နေမှာပေါ့

နေသိပ်မကောင်းတဲ့အကြောင်းပြချက်နဲ့ ကိစ္စအားလုံးသူ့သာလွှဲထားလိုက်တယ်.....
ဂရုစိုက်ပြပေမဲ့ အရင်လိုမပျော်ရွှင်ဘဲ ဂရုစိုက်လေဝမ်းနည်းလေဘဲ
သူ့ကအနုနည်းနဲ့လက်စားချေချင်တာလေ....
သူမကိုဘယ်လောက်တောင်ချစ်လဲလို့
ို့yeolကိုမေးကြည့်ချင်တာ
ပြန်ဖြေလာမဲ့စကားကိုနားမထောင်ရဲလို့မမေးဖြစ်ခဲ့ဘူး

မနက်ဖန်ဆိုမင်္ဂလာဆောင်ပြီလေ
သူထားခဲ့တာကိုမခံစားနိုင်ဘူး....
မွန်းကြပ်မှုကြောင့် သတ်သေဖို့ကြိုးစားမိတယ်
ပါးအချိန်မှီရောက်လာပြီးတားနိုင်ခဲ့တာ ငိုရင်းဆူနေတဲ့ပါးစကားထဲမှာ ကိုယ်ကမားနှလုံးနဲ့အသက်ဆက်ရှင်နေရတာတဲ့လား

သားကိုဒီလိုဒုက္ခတွေခံစားစေမယ့်အစား
မကယ်ဘဲထားခဲ့သင့်တာ
ငယ်ထဲကသေသွားခဲ့ရမှာ
ဒါဆိုရင်အခုလိုမခံစားရတော့ဘူးလေ
ဒါပေမဲ့ မားကိုယ်တိုင်ကရှင်သန်စေချင်မှတော့ ဆက်ရှင်သန်ရမှာပေါ့

ပါးကိုအကြောင်းစုံပြောပြမိတော့ ပါးကသားလုပ်ချင်တဲ့အတိုင်းလုပ်တဲ့

အားလုံးနဲ့အဝေးကိုထွက်သွားချင်တယ်လို့ပြောတော့
အကုန်စီစဉ်ပေးမယ်တဲ့လေ.....

နောင်တတို့အလွန်(နောင်တတို့အလွန်)Where stories live. Discover now