ကျောင်းသွားခါနီး မိုးတိတ်​သွားရ​လေသည်​။..

ကျောင်းစိမ်း အဖြူ လည်​ကတုံးလက်​ရှည်​ကို မီးပူတိုက်​ထားသဖြင့်​ ​ဖြောင့်​ဆင်း​နေ​တော့၏။..ဘဲ​ခေါင်းစိမ်း​ရောင်​ ပုဆိုးကလည်း ​ခေါက်​ချိုးညီစွာ ဝတ်​ထား၍ ​ကြည့်​​ကောင်း​နေ​တော့သည်​။.. ​ဝေယံ က အရပ်​ရှည်​ သဖြင့်​ ဘာပဲဝတ်​ဝတ်​အမြဲကြည့်​​ကောင်းသည်​။.. ဒါ​ပေမဲ့ သူအရပ်​က လိုအပ်​တာ ထက်​ပိုရှည်​သည်​။. ကလန်​ကလား လို့လည်း​ပြောလို့ရ​​သော အရပ်​ပိုင်​ရှင်​လည်း ဖြစ်​သည်​။... မဲနက်​​နေ​သောဆံသား . ဆံပင်ကခပ်​ဖွဖွ က​လေး. မျက်​နှာတဝိုက်​ .ကျ​နေ​တော့သည်​။.... ကျဆင်း​နေ​သော ဆံပင်​​လေးကို ခလယ်​ အခွဲ မကျတကျ. ခွဲ ထားသည်​။..​ဝေယံမျက်​နှာ ရှည်​ရှည်​လေးဖြစ်​​သော​​ကြောင့်​ သူ့နဲ့ လိုက်​ပါသည်​။..​ဝေယံ ရဲ့ ဆွဲ​ဆောင်​ မှု အရှိဆုံး အရာမှာ ရွဲ့လဲ့ ​လှ​သော မျက်​လုံးပင်​ဖြစ်​သည်​။..​တွေ့တဲ့ ​ကောင်​မ​လေးတိုင်း သူ့မျက်​လုံး​လေးကို မကြာခန ခိုးကြည့်​တတ်​သည်​။အဲ့​လောက်​ ဆွဲ​ဆောင်​မှု ရှိ​သော သူပင်​တည်း။

.....​ဝေယံ တ​ယောက်​ အိမ်​​ခြံ ဝမှ ထွက်​လာခဲ့ပြီး အနည်း​ ငယ်​ကြာ​တော့.. အာကာတ​ယောက်​ထွက်​လာခဲ့သည်​။.. အာကာက​တော့ လက်​တိုကို သပ်​ရပ်​စွာဝတ်​ထားသည်​။. လက်​တို ဖြစ်​​သော​ကြောင့်​ သူ့ရဲ့​ဖွေးဥလှ​သော လက်​​မောင်း​ကလေးမှာ ​​ပေါ်​နေသည်​။..

.. ပုဆိုးကိုလည်း သပ်​သပ်​ရပ်​ရပ်​ ရှည်​ရှည်​​လေးဝတ်​ထားသည်​။.. ဆံပင်​ကို အ​ရောင်​ ပြန်​ဆိုးလိုက်​​ပေမဲ့..တချို့ ​ခေါင်းထိပ်​တဝိုက်​မှာ ​ရွှေဝါ​ရောင်​​လေး​တွေ သန်း​နေ၏။..ဆံပင်​ကလည်း.. ​ပျော့​ပျောင်းလှသဖြင့်​. နဖူးမှမျက်​ခုံးအထိ.. ဖြာကျ​နေ​တော့သည်​။..သူက​တော့ အမြဲ လိုလို ဆံပင်​ကို အ​ရှေ့ချထားတတ်​၏။..

ကျောင်းက .. သူတို့လမ်းကထွက်​ပြီးလမ်း​ဆုံက​နေ အ​ရှေ့ ကိုဆက်​ထွက်​ရင်​ ​.. အနည်းငယ်​မျှသာ​လျှောက်​လျှင်​​ရောက်​သည်​။.. မိနစ်​ ၁၅မိနစ်​ ​တော့ ကြာမယ်​ ထင်​သည်​။..

အချစ်​စစ်​သည်​သာWhere stories live. Discover now