Ep 84( Zawgyi &Unicode)
Start from the beginning
ပန်းပွင့်က မြေပြင်ပေါ်မှာမြဲမြံစွာပေါက်နေခဲ့ပြီး
နောက် သူတို့နှစ်ယောက်ကို တစ်လုပ်ထဲနှင့်
ဝါးမျိုပစ်လိုက်သည်။အဲတာက တိုက်ခိုက်တဲ့မှော်
နဲ့ အပင်ဖြစ်ပေမယ့်လည်း...ဒီတစ်ခေါက်တော့
နှင်းပြိုကျမှုရဲ့ အကျိုးသက်ရောက်မှုကို ရှောင်ဖယ်
ဖို့ရန် ရှို့ သုံးလိုက်တာဖြစ်သည် ။
" ဝှစ်! "
အချိန်ခဏအကြာမှာတော့ နှင်းတောင်တွေ
ပြန်လည်ငြိမ်သက်သွားခဲ့သည် ။ ရုတ်တရက်..
နှစ်သက်ကြည်နူးဖွယ်ကောင်းတဲ့ ပန်းတစ်ပွင့်
နှင်းထဲကနေ ထိုးဖောက်လာခဲ့သည် ။ သူ့ရဲ့
ပွင့်ချပ်တွေကို ပွင့်အာလာပြီးနောက် ရှို့ နဲ့
တုကျဲ့ ကို ဖော်ပြလာခဲ့သည် ။ အဖြူရောင်
နှင်းပြင်ကျယ်ကြီးထဲမှာ အက်ဒီရဲ့အရိပ်အယောင်
ကို သူတို့တွေရှာမတွေ့သလို...နှင်းပြိုကျမှု
ကြောင့် သူဘယ်နေရာကို ပါသွားသလဲဆိုတာကို
လည်း မသိကြပေ ။
Petစာချုပ်ရဲ့ မီးခိုးရောင်အလင်း ဖြတ်ခနဲလင်း
သွားပြီးတော့...ငါးမီတာရှည်တဲ့ ငရဲခွေးက
နှင်းထဲမှာ ပေါ်လာခဲ့သည် ။သူ့တစ်ကိုယ်လုံးက
တောက်ပြောင်နေတဲ့ အနက်ရောင်ဖြစ်ကာ...သူ့
မှာ ခေါင်းသုံးလုံးရှိသည် ။ခေါင်းတစ်လုံးစီက မှော်
ကို အသုံးပြုနိုင်ကြသည် ။
ဘယ်ဘက်ကနေပြီးတော့ ညာဘက်အထိ..
ခေါင်းတွေမှာ မျက်လုံးအပြာ ၊ မျက်လုံးအနက်
နှင့် အနီရောင်မျက်လုံးတွေရှိကြသည် ။သူတို့ရဲ့
မျက်လုံးအရောင်တွေက သူတို့အသုံးပြုနိုင်တဲ့
မှော်အမျိုးအစားနှင့် လိုက်ဖက်ကြသည်...
လေမှော်အစွမ်း ၊ အနက်ရောင်မှော်နှင့် မီး
မှော်အစွမ်းတို့ပင် ဖြစ်ကြသည် ။ ဒါက ကြီးကျယ်
ခမ်းနားတဲ့ Cerberus (ခေါင်းသုံးလုံးငရဲခွေး)
ပဲ ဖြစ်သည် ။
Greenieလို့ခေါ်တဲ့ -ဘယ်ဘက်ဆုံးက ခေါင်း
က - တုကျဲ့ ကိုမြင်တော့ တောင့်တောင့်ကြီးဖြစ်
သွားခဲ့သည် ။ စိတ်မရှည်တဲ့ပုံစံနဲ့ တုကျဲ့ ကို
လှည့်ကြည့်လာခဲ့တဲ့ အလယ်ကခေါင်းကို သူ
တွန်းတိုးလိုက်သည် ။အနက်ရောင်မျက်လုံးနဲ့
ခေါင်းလည်း တောင့်တောင့်ကြီးဖြစ်သွားခဲ့ပြန်
သည် ။ ဟိုးဘက်က ညာဘက်ထောင့်စွန်းက ...
အနီရောင်မျက်လုံးနဲ့ ခေါင်းကအပေါ်အောက်ရွေ့ပြီး
အခြားနှစ်ကောင် ဘာကြည့်နေလဲဆိုတာကို
ရိပ်ခနဲမြင်ရအောင် ကြိုးစားနေပေမယ့်...တခြား
ခေါင်းတွေက သူ့ မြင်ကွင်းကိုပိတ်ထားခဲ့သည် :
ဘာဖြစ်ကြတာလဲ? ဘာဖြစ်ကြတာလဲ?