Ep 54( Zawgyi& Unicode)
7.3K 1.2K 141
Chapter 29 Reader: Protagonist, you little devil!
မှိန်ပျပျလရောင်က ပြတင်းပေါက်ကတစ်ဆင့်
ဟေဒီလ်းရဲ့ နှင်းလိုဖြူဖွေးဖွေးအသားရည်လေးနှင့်
ပြစ်မျိုးမှဲ့မထင်တဲ့ခန္တာကိုယ်လေးပေါ်မှာ
တောက်ပြောင်စွာနဲ့ ဖြာကျနေခဲ့သည် ။နတ်ဆိုးမ
လေးရဲ့လှုပ်ရှားမှုတိုင်းက မှော်ဆန်နေခဲ့ပြီး
ပြောမပြတတ်လောက်အောင်ကို ဆွဲဆောင်မှုတွေ
နှင့် ပြည့်နေခဲ့သည် ။နှင်းဆီရဲ့ပြင်းရှရှရနံ့ကလည်း
လေထဲမှာလွင့်ပျံ့ ကာသိမ်မွေ့ပြီး အလှမ်းကွာနေ
ပေမယ့်လည်း လူတွေရဲ့နှလုံးသားကိုနိုးကြားလာ
စေသည် ။
ရှို့ မျက်လုံးတွေအနည်းငယ်ဝိုင်းစက်သွားခဲ့သည်။
ခုနလေးတင်ကမှ လျှော်ထားခဲ့တဲ့ဆံပင်ကနေပြီး
ရေတွေတစက်စက်နဲ့ ကြမ်းပြင်ပေါ်ကျနေခဲ့ကာ
တစက်စက်အသံ ထွက်ပေါ်နေခဲ့သည် ။
" မင်းရဲ့ကမ်းလှမ်းမှုကို ငါငြင်းဆိုပြီးပြီလေ "
" မိန်းမလှတွေကအမြဲတမ်း ပြောင်းလဲလွယ်
တတ်တယ် "
ဟေဒီလ်းရဲ့ မျက်နှာပေါ်မှာ စွဲမက်စရာအပြုံးလေး
ရှိနေခဲ့သည် ။သူမလက်ကိုဆန့်တန်း၍ ရှို့ မျက်နှာ
ကိုပွတ်သပ်လိုက်သည်..သူမမျက်ဝန်းလေးတွေက
နူးညံ့နေခဲ့ကာ .." နတ်ဆိုးတွေကအမြဲတမ်း သူတို့ 
ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒတွေမှာ ပွင့်လင်းရိုးသားတတ်
ကြတယ် ။ ကျွန်မရဲ့ဆန္ဒအတိုင်းပဲ ကျွန်မလုပ်တတ်
တယ် "
"....ငါ့မှာ တစ်ယောက်သောသူရှိပြီးနေပြီ "
" ကိစ္စမရှိပါဘူး "သူမရဲ့မျက်ခုံးတွေပင့်လိုက်ဖို့်ရာ
တောင် ဟေဒီလ်းဂရုစိုက်မနေခဲ့ပေ...သူမရဲ့အပြုံး
က စွဲမက်ဖို့လည်းကောင်းသလို ကလိန်ကကျစ်ပုံစံ
လည်းပေါက်နေခဲ့သည်.. " အောင်မြင်တဲ့
ယောက်ျားတွေမှာကြင်ဖော် ကြင်ဖက်တွေ
အများကြီးရှိတတ်ကြတာပဲဥစ္စာ "
သူမရဲ့လက်ချောင်းထိပ်လေးက သူ့မေးရိုးတစ်
လျှောက်ကို ကောက်ကြောင်းလိုက်နေခဲ့ပြီးနောက်
သူ့ရဲ့ ဆွဲဆောင်မှုရှိလှတဲ့မေးစေ့မှာ တရစ်ဝဲဝဲလည်
နေခဲ့သည် ။
" ရှင့်ကိုစတွေ့ကတည်းက...ရှင့်ထက်ပိုပြီး ကျွန်မ
နဲ့ လိုက်ဖက်မယ့်သူမရှိတော့ဘူးမှန်း ကျွန်မ
သေချာသိသွားခဲ့တာ...အတူတကွ...ကျွန်မတို့တွေ
အရမ်းပျော်ရွှင်ရမှာပါ "