Ep 84( Zawgyi &Unicode)
Start from the beginning
( ရှို့ ကိုက်လိုက်တဲ့နေရာကို ကိုယ့်ဘာသာကို
မှန်းကြည့်ကြပါနော် 😉😉😉)
ဒီအရက်နာကျတာက ငါ့ကိုသတ်နေတာပဲ...
" ငါတို့တွေ တောင်အောက်ဆင်းနေကြပြီလား? "
" အင်း.." ရှို့ နူးညံ့စွာပြောလိုက်သည် ။ " task
ပြီးသွားပြီ "
နောက်တစ်မျိုးပြောရရင်...သူမူးပြီးမှောက်နေတဲ့
အချိန်အတောအတွင်းမှာ ရေခဲခရစ်စတယ်မြက်
ကို ခူးပြီးသွားပြီဖြစ်သလို...ခေါင်းသုံးလုံးငရဲခွေး
ကိုလည်း ယဉ်ပါးသွားအောင် လုပ်ပြီးပြီဖြစ်သည် ။
တိုက်မိသောကြောင့်သာ သူနိုးလာခဲ့တာဖြစ်
သည် ။သူဘယ်လောက်တောင် မူးနေခဲ့တာလဲ? !
အူကြောင်ကြား ချစ်စရာကောင်လေးရဲ့ အတွေး
တွေက အရမ်းကိုနှေးကွေးလှသည် ။တဒုတ်ဒုတ်
ကိုက်ခဲနေတဲ့ နားထင်ကို သူပွတ်လိုက်ကာ...
နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်စောင်းကို
မကြည်မလင်နဲ့ စိုက်ကြည့်လိုက်သည် ။ ဘာလို့
မှန်းမသိ... အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို
သူမေ့နေသလို ခံစားနေရသည် ။
ဘာပါလိမ့်?
ရုတ်တရက်...နှင်းခဲပြိုကျမှုရဲ့ ကနဦးအစ
လက္ခဏာကို မြင်လိုက်ရချိန်မှာ တုကျဲ့ မျက်လုံး
တွေ ပြူးကျယ်သွားခဲ့သည် ။ အူကြောင်ကြောင်
ချစ်စဖွယ်ကောင်လေး ဉာဏ်အလင်းရသွားခဲ့
သည်: အို့...မင်းပဲ...ကို နှင်းခဲပြိုကျမှု ။
.....အ ။
လူသုံးယောက်အုပ်စု အံ့အားသင့်သွားခဲ့ကြ
သည် ။လေးလံတဲ့နှင်းထုလှိုင်းလုံးကြီးက သူတို့
ဆီသို့ အဖြူရောင်နှင်းနဂါးကြီးလိုဟန်ပန်နှင့်
ဆင်းသက်လာခဲ့သည် ။ ရှို့ ရဲ့ပထမတုံ့ပြန်မှုက
တော့ တုကျဲ့ ကို ဖမ်းဆုပ်ပြီး ရင်အုပ်မကွာ
ကာကွယ်ပေးခြင်းပဲဖြစ်သည် ။
နှင်းခဲပြိုကျမှု နီးကပ်လာတော့...ရှို့ ရဲ့ ဆံပင်တွေ
က သူ့မျက်နှာကနေ အဝေးသို့လွင့်မျောသွားခဲ့
သည်...ကျရောက်လာတဲ့အန္တရယ်ကို သူ စိုက်
ကြည့်ရင်းနဲ့.. တည်ငြိမ်စွာပင် မှော်ဂါထာကို
တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်သည် ။ သူတို့ကို
နှင်းထုရိုက်ခတ်တော့မယ့် အချိန်မှာပဲ...ရှို့ နဲ့
တုကျဲ့ ရဲ့ခြေထောက်အောက်ကနေ ခရမ်းနီရောင်
ပန်းတစ်ပွင့်ပွင့်လာခဲ့သည် ။