"သား နာလို့လား"
"နာတယ်ပါး လက်ကတော့မဟုတ်ဘူး
ဟောဒီရင်ဘတ်ထဲက "ရင်ဘတ်ထုကာငိုနေတဲ့ကလေးငယ်
ဘာတွေဖြစ်လာတာလဲသားရယ်....ငိုနေရင်း အိပ်ပျော်သွားတဲ့သားငယ်ကို ကြည့်ရင်း စိတ်မချမ်းသာဘူး......
Park chanyeolနဲ့အဆင်မပြေဘူးထင်တယ်.....
ရည်းစားကိစ္စဆိုတာ အဖေလုပ်သူဝင်ပါလို့မကောင်းလို့
လွတ်ထားတာ.......
သားနိုးလာမှ သေချာမေးတော့မယ်...............
"ဟယ်လို သားကြီး"
"ဟုတ်ပါး"
"သားကြီးခုဘယ်မှာလဲ"
"သားအင်္ဂလန်မှာပါး ဆေးကုသပြီးလို့ ခနအလည်ရောက်နေတာ....
ပြီးရင် ကိုရီးယားကိုပြန်လာတော့မယ်""အေးကွယ် သားခြေထောက်ရောသက်သာရဲ့လား"
"တခါတလေ ကိုက်တတ်တာကလွဲရင် အဆင်ပြေပါတယ်ပါး"
"ဒါနဲ့ ညီရောနေကောင်းလား
ညီ့ကို ကျတော်ခြေထောက်ခိုက်ထားတဲ့အကြောင်း
ခုထိမပြောရသေးဘူးမလား""သားအကြောင်းသူဘာမှမသိသေးဘူး
သားအလုပ်ကိစ္စကြောင့် ခရီးထွက်နေတယ်ဘဲသိထားတာ....
ပြီးတော့အဲ့ကလေး သူ့ကောင်လေးနဲ့အဆင်မပြေဘူးထင်တယ်....
မျက်နှာလည်းမကောင်းဘူး.....""ပါး သူ့ကိုစိတ်ပြေလက်ပျောက်ဖြစ်အောင် တရုတ်ခနပြန်ခိုင်းလိုက်ပါ့လား
စိတ်ငြိမ်မှပြန်လာခိုင်းရင်ရော""အင်း သားပေးတဲ့အကြံမဆိုးဘူး
ပါးသူ့ကိုပြောကြည့်မယ်""ဟုတ်ပါး သားဖုန်းချပြီ ပါးလည်းကျန်းမာရေးဂရုစိုက်နော် "
"အေးကွယ် "
Sehunကိုပါးကတရုတ်ကို စိတ်အပန်းဖြေအနေနဲ့ခနလောက်သွားခိုင်းတယ်....
ကိုယ့်အပူတွေက ပါးကိုပါစိတ်မကောင်းအောင်ဖြစ်စေမိတယ်။
ပါးမသွားခိုင်းလည်း တရုတ်ကိုပြန်တော့မယ်ဆုံးဖြတ်ထားတယ်။ခုလည်းလေယာဉ်ကွင်းသွားတဲ့လမ်းမှာ
နောက်ဆုံးအနေနဲ့စိတ်အလိုအရ yeolဆီကိုဖုန်းခေါ်မိတယ်"ဟယ်လို"
Yeolအသံကြားတာနဲ့ လူကငိုချင်လာတယ်။
မျက်ရည်တွေက သူနဲ့ပတ်သတ်ရင် မကုန်နိုင်ဘူးထင်တယ်
part 20
Start from the beginning