တီ တီ တီ

Perth: Hello koung

Koung: Hello Perth နင့်P နေကောင်းတယ် ထမင်းလည်း ပုံမှန်စားတယ် ဆေးလည်းပုံမှန်သောက်တယ် နင့်P မေ့နေရင်တောင် Joss က သေချာ ဂရုစိုက်ပြီး ဆေးတိုက်တယ်

Perth: ငါတောင် ဘာမှမေးစရာမလိုပါလား ဒါနဲ့ အဲ့ကောင်လေးက P နား အမြဲကပ်နေတာလား

Koung: ဒါတော့ ဟုတ်တယ် အဲ့ကောင်လေး Saint နား ကပ်လွန်းလို့ ငါတို့တောင် အမြင်ကတ်နေသေး

Perth: koung အဲ့ကောင်လေး Pနား ကပ်မနိုင်အောင် ကူညီပေးပါနော်

Koung: ငါက ဘယ်လိုကူညီပေးရမှာလဲ

Perth: မင့်ကလည်းကွာ အဲ့ကောင်လေး Pနားကပ်နေပြီဆို သူ့ကို အလုပ်တစ်ခုခု လုပ်ခိုင်းလိုက်ပေါ့် မုန့်ဖုတ်ခိုင်းတာတို့ ဘာတို့ပေါ့်ကွာ အရေးကြီးတာက အဲ့တစ်ယောက်နဲ့ P အတူတူမရှိနေဖို့

koung: အေပါကွာ ဒါနဲ့ နင်saint ကိုစိတ်ပူရင်လည်း Saint ဆီကို တိုက်ရိုက်မဆက်ပဲ့ ဘာလို့ ငါဆီ ဆက်နေရတာလဲ

Perth: ငါပြသနာ ရှာမိထားလို့

Koung: ထူးထူးဆန်းဆန်းပါလား Saintကပဲ့ အမြဲ ပြသနာရှာခဲ့တာပါ အခုနင်က ပြသနာရှာတယ်ဟုတ်လား

Perth: အင်း Koung Pရှာခဲ့တဲ့ ပြသနာတွေအားလုံးထက် ငါရှာခဲ့တဲ့ ပြသနာက ပိုကြီးမားတယ်

Koung: Perth ငါစိတ်ပူလာပြီ နင်တို့ ဘာဖြစ်ကြတာလဲ

Perth: ဘာမှမဖြစ်ပါဘူး Pကိုသာ သေချာဂရုစိုက်ပေးပါနော်

Ph ချချခြင်း Pကိုပဲ့ သတိရနေခဲ့တယ် မတွေ့ရတဲ့ တစ်ရက် နှစ်ရက် အတွင်းမှာတောင် ဒီလောက်လွမ်းနေတာ တစ်သက်လုံးသာ P ဒီလို ကျွန်တော့်ကို စိမ်းကားသွားရင် ကျွန်တော် ဘယ်လိုလုပ်မလဲ
ကျွန်တော် ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး Pရယ် ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ်
...............

ဆေးခန်းက ပြန်တာနဲ့ Pကို သတိရလို့ Pဆိုင်ဘက်ကို ဝင်ကြည့်ခဲ့တယ် တွေ့လိုက်ရတာက Pအဲ့ကောင်လေးနဲ့ စကားပြောရင်း ရယ်မောနေသည်

P အဲ့ကောင်လေးကို တကယ်သဘောကျနေတာလား အဲ့ကောင်လေးနဲ့ နေရရင် P တကယ်ပျော်တာလား စဉ်းစားရင်း စဉ်စားရင်း ရင်ဖတ်ရဲ့ တစ်နေရာက စူးနစ်နေအောင် နာကျင်လာခဲ့တယ်

ကျွန်တော့်ရဲ့လမင်းလေး { Completed }Where stories live. Discover now