ကျွန်မကသာ မနက်နေထွက်သည်မှစ၍ ညနေ နေဝင်ပြီးမိုးချုပ်သွားသည်အထိ မမကို ချစ်ကြောင်းအမြဲဆိုသော်လည်း မမကတစ်နေ့လုံးနေမှ ကျွန်မကို 'ချစ်တယ့်' အကြောင်း တစ်ခါလောက်သာပြောသည်။

ကျွန်မထို့သို့မေးတိုင်းမမပြန်ဖြေတတ်သည်က

နေ့တိုင်းအချိန်တိုင်းချစ်တယ်လို့ပြောနေမှ တကယ်ချစ်တယ်လို့ဆိုလိုတာမှမဟုတ်တာ။

ကိုယ်ရင်ထဲမှာ တကယ့်ကိုနက်နက်ရှိုင်းရှိုင်းအချစ်စစ်နဲ့ချစ်နေရင်ပြီးတာဘဲ။

ချစ်တယ်ဆိုတဲ့စကားကို အမြဲအလွယ်ခဏခဏပြောနေရင် မလေးနက်ဘူးတဲ့။ သူ့ရဲ့အပြုအမူ မျက်ဝန်းတွေကတစ်ဆင့် တကယ်ချစ်တယ် မချစ်ဘူးဆိုတာပေါ်တယ်တဲ့လေ။

ဟုတ်ပါသည်။ ကျွန်မကိုကရူးတာပါ။ မမလို လူဂွစာလူမျိုးကိုချစ်သူတော်ထားမိတာကျွန်မမေ့သွားခဲ့တာပါ။ တစ်ခါတစ်လေမမအတွေးတွေကလိုက်လို့ကိုမမှီတာ။

ကိုယ့်ချစ်သူကိုယ်ချစ်တယ်ပြောရတာတောင် ကလေးဆန်လို့မပြောချင်ဘူးတဲ့လေ။

မမကလေတစ်ခြားနေရာတွေမှာ ရက်ရောသလောက် ချစ်တယ်ပြောတဲ့နေရာမှာတော့ ကပ်စီးတော်တော်နဲသည်။

~~~~

ကျွန်မအတွေးလွန်နေတာဘယ်လောက်ကြာသွားသည်မသိ မမကျွန်မပုခုံးကိုလာလှုပ်မှသတိဝင်တော့သည်။

"လီလီဘာတွေ တွေးနေတာလဲ။ ကိုယ်ပြောနေတာကိုရောကြားရဲ့လား"

"အော်အင်း"

"ချယ်ကိုဘာလို့ခေါ်မှာလဲ။ လီလီကမမနဲ့တူတူသွားချင်လို့ပါဆို။ နောက်ပြီးအားနာစရာကြီးမခေါ်ပါနဲ့ ချယ်လေးက third wheel ဖြစ်နေမယ် ဟီးဟီး"

"ဟုတ်ပါပြီ လီလီ့သဘော"

ကျွန်မ မမရင်ခွင်ထဲသို့ခေါင်းလေးတိုးဝင်က ကြောင်လေးတစ်ကောင်ကသူ့သခင်ကိုပွတ်သီးပွတ်သတ်လုပ်၍ချွဲသလိုမျိုးလုပ်လိုက်သည်။ ကျွန်မအဲ့လိုလုပ်တိုင်း မမကကျွန်မဆံပင်တွေကိုပွတ်သတ်ပေးတာလေးကိုသဘောကြသည်။

မမရဲ့အထိအတွေ့တွေကိုကျွန်မမက်မောခုံမင်ရသည်။

မမကခေါင်းကိုငုံက ကျွန်မနှုတ်ခမ်းကိုမထိတထိလာနမ်းကာစနေသည်။ ကျွန်မအတင်းတိုးဖယ်ကာရှုန်းတော့

Back To YouWhere stories live. Discover now