Happy Ending - Chapter -24

Start from the beginning
                                    

အနည်းငယ် လှုပ်ရှားစည်ကားစပြုနေပြီဖြစ်သော ကလပ်တွင် ၀န်ထမ်းလေးက ဟိုတစ်ခါက Krist ကိုမှတ်မိသည်မို့ အပေါ်ထပ် Singto ရုံးခန်းရှိရာသို့သာ တက်သွားဖို့ပြောသည်။
တံခါးကိုဖြတ်ခနဲဖွင့်လိုက်တော့မြင်လိုက်ရသည့်မြင်ကွင်းသည် သူ့ကို အနည်းငယ်တော့ မျက်ခုံးတွန့်သွားစေသည်။

“ဟာ Kit မင်း လိုက်လာတယ်။”

Singto က ၀မ်းသာအားရဆိုသည်.။ Singto ကျောပေါ်တွင် အခန့်သား ကုန်းပိုးခံနေရသည့် New ကပါ ဖော်ဖော်ရွေရွေပြုံးပြတော့ Krist ပြန်ပြုံးပြလိုက်ရသည်။

ဒါနဲ့ Singto က သူ့ကိုဘာလို့ကျောပိုးထားတာလဲ။

“ကြိုလည်းမပြောဘူး Kit ရယ်။လာမှန်းသိရင် ငါအိမ်မှာပဲ စောင့်နေမှာပေါ့..”

“မင်းကိုအံ့သြသွားအောင်လို့ပါ.။ခု ကြည့်၇တာငါပဲ အံ့သြသွားရတယ်ထင်တယ်။”

New က တိုးတိုးလေးခိုး၇ယ်သည်။ ကြောင်တောင်တောင် Singto သည် သဘောပေါက်ပုံမရပေမယ့် New ကတော့ သိသည်လေ။

“Singto မြန်မြန်လေ..သွားချင်နေပါပြီဆို.။ပြီးရင် ပြန်တော့ Krist လည်း ခရီးပန်းတာနားချင်နေပြီပေါ့”

Singto လည်ပင်းကို သိုင်းဖက်ထားသည်မို့ ခေါင်းစောင်းကာကပ်ပြောလိုက်တော့ Singto ၏ နားကို ကပ်နမ်းလိုက်သည့်နှယ်. ။ Krist မျက်နှာ သိသိသာသာသာ အရောင်ရင့်လာပြီဖြစ်သည်။

“Kit ခဏ ဒီမှာထိုင်ဦးနော် ကိုယ် သူ့ကို သွားပို့လိုက်ဦးမယ်.ခဏပဲ Boss ရုံးခန်းလေးတင်”

ခြေတစ်လှမ်းစာမျှသာ ရွေ့ရပါသေးသည်။ Krist ပြန်ပိတ်ခဲ့သော တံခါးက ပွင့်လာကာ Tay က ခပ်မြန်မြန် ၀င်ရောက် လာ သည်.။သည်တော့မှ Singto လည်ပင်းကိုချိတ်ထားသော New ၏လက်တို့သည် ခပ်ခွာခွာဖြစ်သွားသည်။သူများကိုသာ စချင်တာ.။ကိုယ့်လူအကြောင်းကိုယ်သာသိသည်မို့။ Tay က ဘယ်လောက်တောင် သ၀န်တိုတတ်သလဲ.။ ထင်သည့်အတိုင်း Tay တစ်ယောက်မျက်မှောင် ကြီးကြုံ့နေပါပြီ။

“မင်းက ဘာလို့ပိုးထားတာလဲ. ဖယ်စမ်း.”

“ဒုက္ခပါပဲ လိုက်လည်းပို့ရဦးမယ်.။ပိုးချင်လို့များထင်နေလား Boss ရဲ့”

Happy EndingWhere stories live. Discover now