"လက်ထောက်ဝူ…"
"အမိန့်ရှိပါ စစ်သူကြီး…"
"သူတို့ကို မင်း အဖွဲ့ခွဲထားတာလား…."
ဟွာရှန့်ကြည့်ရာ လိုက်ကြည့်မိရာမှ လက်ထောက်ဝူ စစ်သူကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက်စွာပင်။"ဟုတ်ပါတယ်.. စစ်သူကြီး… ကျနော် သူတို့ လူစုလို့မရအောင် တမင် အဖွဲ့ခွဲ ထားထားတာပါ…"
ဘာမှ ဆက်မမေးတော့ဘဲ ပြိုင်ပွဲကိုသာ မျက်နှာမူ မှုန်ကုတ်ကုတ်ပုံစံနှင့် ထိုင်ကြည့်နေသော ဟွာရှန့်ကို လက်ထောက်ဝူ သူမေးချင်သည့် မေးခွန်းကို မမေးရဲတော့ဘဲ လည်ချောင်းဝမှာတင် မြိုချလိုက်တော့သည်။ စစ်သူကြီးကငါဒီလိုလုပ်ထားတာ သဘောမကျလို့များလား….!!!
ထိုအချိန်တွင် မို့ရန် အလံကို လက်ဆင့်မကမ်းသောကြောင့် သူမ၏ ကျန်အဖွဲ့သားများက ဒေါသထွက်စွာ အော်ဟစ်နေကြသည်။ သူမဂရုမစိုက်ချေ။ ကျန်ရှိသည့် အလံများကို ထုတ်နေချိန် အခြားသောအဖွဲ့သားများ ရောက်လာပြီး ယူသွားလိမ့်မည်။ လက်ရှိ အလံ ၄ခုကို တိုင်တွင် ထိုးစိုက်နိုင်သည် ထားဦး။ မနိုင် နိုင်သေး။ အလံတစ်ခုလိုနေသေးသည်။ သူမတို့ ရှုံးလို့မဖြစ်။
သူမ ပြေးချိန်တွင် မျက်လုံးထောင့်ဆီသို့ အရိပ်တစ်ခုက အရှိန်ဖြင့် ထိုးဝင်လာသည်။ ထိတ်လန့်သွားကာ မို့ရန် ငုံ့ချသည်နှင့် တပြိုင်နက် အခြားသူတစ်ဦးက သူမဆီ ပစ်ဝင်လာပြန်သည်။ ဒီတစ်ခါတော့ သူမရော ထိုသူနှစ်ဦးစလုံး မြေပေါ်လဲကျသွားပြီ။ အချိန်ကုန်တော့မည့် အသိစိတ်က မို့ရန်မျက်လုံးကို ပြာဝေစေသည်။"ခေါင်းဆောင်ရိန်း… ဒါကို မြန်မြန်ယူ…"
မျက်လုံးပြာဝေသွားသဖြင့် အသံကြားမှ လူကိုကြည့်မိသည်။ သူမ ဘာမှမပြောနိုင်တော့ဘဲ ကမ်းပေးလာသည့် အလံကို လျင်မြန်စွာယူကာ အလံတိုင်ပေါ် တက်သွားသည်။ တက်နေရင်း တန်းလန်းနှင့်ပင် သူမကို အလံကမ်းပေးသည့်လူကို ရအောင်ကြည့်လိုက်တော့.."ဖူ အစ်ကိုကြီး…"
ဖူအစ်ကိုကြီးက မျက်လုံးတစ်ဖက် မှိတ်ပြသည်။ မို့ရန် စိတ်ထဲ ကျေးဇူးလှမ်းတင်သွားသည်။ အလံများအားလုံးကို တိုင်ထဲ စိုက်ထည့်ပြီးသည့်အခါ သူမ ရင်ထဲ ဆို့နေသည့် စိတ်ပူပန်မှုတို့ လျော့ကျသွားပြီ။ ထို့နောက် သူမမျက်လုံးတွင် ပြာတချို့၊ ဝါတချို့ဖြစ်လာကာ ဘာဆို ဘာမှ မသိတော့။
------------------------------------------------------ရင်းနှီးနေသည့် မျက်နှာကျက်ကို အသိစိတ်မဲ့စွာ မို့ရန် ငေးမိသည်။ ခေါင်းနှင့် နောက်ကျောက အသက်ရှုလိုက်တိုင်း အနည်းငယ် အောင့်နေသည်။ သူမ အိမ်ပြန်ရောက်သွားတာလား။ နားထဲတွင် အားရှီ၏ ခေါ်သံကို ကြားနေရသလိုလို။ မျက်လုံးထဲတွင် ကွမ်းချီကိုလည်း မြင်နေရသည်။ အမြင်တို့က ဝေဝါးနေလွန်းသည်။ သူမ တွေ့နေရသည့်လူမျက်နှာက ပုံရိပ်တို့ နှစ်ခုဖြစ်နေသည်။ မျက်နှာတို့က ပေါ်သွားလိုက်၊ ပျောက်သွားလိုက်။
"အားရှီလား…"
"ညီမလေး… ငါတို့ အိမ်ပြန်ကြရအောင်…"
"အစ်ကို…"
"အိမ်ပြန်ကြစို့… အားရန်… ငါတို့ အိမ်ပြန်ကြစို့…."
သူမ လက်လှမ်းမိချိန် အခြားသော လက်ကြမ်းကြမ်းတစ်စုံက သူမ၏ ပါးကို လာပုတ်သည်။"အစ်ကိုရိန်း… အစ်ကိုရိန်း…"
"သတိရလာပြီလား… ဘာတွေပြောနေတာလဲ…"
အသိစိတ်ပြန်ကပ်လာသည်နှင့် တပြိုင်နက် ဝုန်းကနဲ ထထိုင်ကာ ဘေးပတ်ဝန်းကျင်ကို အထိတ်တလန့်ကြည့်သည်။ သူမ အိမ်ပြန်ရောက်သွားသည်မဟုတ်။ သူမနားတွင် သုံးကလေးက ထိုင်နေကာ ဘေးတွင်တော့ စစ်သည်တချို့ ရှိနေသည်။ ရုတ်တရက် သူမ ပြိုင်ပွဲကို သတိရသွားသည်။"ငါတို့ ပြိုင်ပွဲက… ငါတို့နိုင်လား သုံးကလေး… ငါတို့လေ…"
"ကျနော်တို့ အလံလုပွဲမှာ နိုင်တယ် အစ်ကိုရိန်း… စိတ်မပူပါနဲ့…"
"ဒါဆို ငါ ဘာဖြစ်သွားတာလဲ… ငါ့ ခေါင်းလည်း နာတယ်… ကျောလည်း အောင့်နေတယ်…"
"အာ… အစ်ကိုရိန်း တိုင်ပေါ်က ပြုတ်ကျပြီး သတိမေ့သွားတာ… ဒါကြောင့် နာနေတာ… ပြီးတော့ သတင်းကောင်းရှိတယ်…"
"ဘာ သတင်းကောင်းလဲ…"
တပ်စုမှူးက တဲထဲဝင်လာကာ"မင်းကို စစ်သူကြီးက ရွေးသွားတယ်…"
"ဘာ…"
သူမ အကျယ်ကြီး အော်မိသည်။ဒီလူတွေ လာနောက်နေတာလား…!!!
"ဟုတ်တယ်… အစ်ကိုရိန်းရဲ့… စစ်သူကြီးက ပြိုင်ပွဲကို လာကြည့်သွားတယ်… ပြီးတော့ အစ်ကိုရိန်းကို ရွေးသွားတယ်… ဘာအတွက်လဲတော့ သုံးကလေး မသိဘူး…"
တပ်စုမှူးကို လှမ်းကြည့်တော့"မင်း ကံကောင်းပါစေ ကောင်လေး…"
နင့်ဘိုးအေ ကံကောင်း….!!!!
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)
အပိုင်း (၃၈)
Start from the beginning