အပိုင်း (၃၈)

Start from the beginning
                                    

အချိန်တို့ တဖြည်းဖြည်း ကုန်လာသည်။ သူမတို့အသင်းတိုင်တွင် ဘီလူးခေါင်းအလံက ၄ခုမျှသာ ရှိသေးသည်။ ရင်ဘတ်နေရာကို အသာဖိစမ်းမိသည်။ အလံတွေ မြင်သွားလို့မဖြစ်။ ဒီအတိုင်းဆက်သွားလျှင် သိက္ခာကျသည်။ ကျစရာ သိက္ခာ မရှိပေမယ့်လည်း အနည်းဆုံးတော့ ဘိတ်ချေးကနေ လွတ်ချင်သေးသည်။ ဥာဏ်ကို လွှာသုံးမှ အဆင်ပြေမည်။ သူမ လူများကို ချက်ချင်းနေရာပြန်ချိန်းလိုက်သည်။ ဗလတောင့်သည့် တစ်ဦးကို အလံတိုင်နားတွင် စောင့်ခိုင်းထားလိုက်ပြီး ကျန်သူများကို နှစ်ဖွဲ့ခွဲသည်။ တစ်ဖွဲ့က အလံရှာပြီး ကျန်တစ်ဖွဲ့ထံသို့ အရောက်သွားက လက်ဆင့်ကမ်းပုံစံနည်းကို သုံးသည်။ ပြိုင်ပွဲနေရာရှိ မီးအလင်းရောင်ရရန် အသုံးပြုထားသော ဒယ်အိုးမီးတိုင်တို့ကို ကြည့်ရင်း ရုတ်တရက် အတွေးတစ်ခု ရသွားသည်။

မို့ရန် ထိုဒယ်အိုးရှိရာ ပြေးသွားကာ ပြာမှုန့်များကို လောင်းချသည်။ ဒယ်အိုးကို ကိုင်ကာ ကွင်းထဲပြန်ပြေးဝင်ပြီး သူမတို့အဖွဲ့သားတစ်ဦးက အခြားအဖွဲ့ဆီက အလံလုလို့ရသွားသည်နှင့် အလံကိုယူကာ ဒယ်အိုးပေါ်ထိုင်ချလိုက်သည်။ ကံကောင်းစွာပင် အခြားသောအလံ ၃ခုကို သူမရထားသည်။ ရင်ဘတ်ထဲ ထိုးထည့်ပြီး ဖွက်ထားသောကြောင့် မည်သူကမှ မမြင်ပေ။ မထုတ်ဘဲနေသည်က အခြားသူတွေ၏ လက်သံပြောင်ချက်ကို သူမရဲ့ ခန္ဓာကိုယ်သေးသေးလေးက အမှုန့်ဖြစ်သွားနိုင်သည်။ သုံးကလေးက သူမထိုင်နေသည့် ဒယ်အိုးကို တောင်ကမူအောက်သို့ အားစိုက်တွန်းလျှောချသည်။

အုစ်… ငါ့ဖျင်လေး…!!!

ဒယ်အိုးက အပူရှိန်ရှိနေသေးသည်မို့ တင်ပါးပူတာကိုလည်း အာရုံမစိုက်နိုင်။ ကျက်ချင် ကျက်သွားပလေ့စေ။ ကုန်းပေါ်ကနေ သူမနောက်သို့ ဖင်တရွတ်တိုက် လျှောဆင်းလာသည့် သူများကို သဲမှုန့်များဖြင့် မျက်လုံးဆီ အသားကုန် ပက်သည်။ ထိုသူများ တောင်ကမူအောက်တွင် အလူးလူးအလဲလဲ ဖြစ်နေချိန် မို့ရန်က အလံတိုင်ရှိရာသို့ အားကုန်ပြေးသည်။

ပြိုင်ပွဲအရှိန် အထွဋ်အထိပ်ရောက်ချိန် ဟွာရှန့်ရောက်လာသည်။ ကွင်းထဲတွင် ဖြစ်နေသည့် အဖြစ်အပျက်များကို လက်ထောက်ဝူ မပြောသော်လည်း သူမြင်ပြီးပြီ။ အဝေးတစ်နေရာမှ သေးသေးသွယ်သွယ်ပြိုင်ပွဲဝင်တစ်ဦး ဖြတ်ထိုးဥာဏ်သုံးသွားသည်ကို သဘောကျစွာ ပြုံးသွားသည်။ လက်ထောက်ဝူက ပြိုင်ပွဲသို့ မလာစဖူး အလာထူးသည့် သူ၏ စစ်သူကြီးကြောင့် ထိုင်မရ ထမရဖြင့် ဂနာမငြိမ်။ ပြီးတော့ ရှားပါးစွာ အပြုံးမမည်သည့် စစ်သူကြီးအပြုံးကြောင့် နေမထိ ထိုင်မသာ။ ဘာပဲပြောပြော သူကွပ်ကဲသည့် ပြိုင်ပွဲကာလတစ်လျှောက်လုံး စစ်သူကြီးဟွာရှန့် ယခုမှ တစ်ခါ လာသည့်အတွက် သူဂုဏ်ယူရမည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now