Mark : P'Gunမှ မအားတာ ! ကျောင်းမှာ ရှိနေမဲ့သူကို ဘာလို့ လိုက်ရှာနေရတာလဲ ? စိတ်ထိန်းစမ်း Mark 😔

            စိတ်ပိုင်းဖြတ်ပြီး Gate ကို ဝင်နှင့်သွားသော ကောင်လေးသည် နောက်တစ်ကြိမ် ထပ်မံ လှည့်၍ အသေချာ ဝေ့ဝိုက်ကြည့်ခဲ့မိပါက ထောင့်တစ်နေရာတွင် ပုန်းခို၍ သူ့အား ငေးရှုနေသူတစ်ဦးအား မြင်တွေ့ကောင်း
မြင်တွေ့ ခဲ့ပါလိမ့်မည် !

လေယာဉ်ပေါ်သို့ မတက်မီ မိနစ်၃၀ ခန့်မျှသာ လိုတော့၏ ~ Mark ဖုန်းကို အတန်ကြာ ကြည့်၍ Message ပို့ရနိုးနိုး မပို့ရနိုးနိုး ဗျာများနေ၏ ~ တော်ကြာ သူ့ Messageကြောင့် တစ်ဖက်လူကို စိတ်အနှောင့်ယှက် မဖြစ်စေလိုတော့~
~ သို့သော်လည်း နောက်ဆုံးတစ်ကြိမ်တည်းပါဟု စိတ်ထဲမှတ်ယူ၍ Send ခလုတ်နေရာကို မချင့်မရဲနှိပ်လိုက်လေသည်~

         ခုံတန်းရှည်တွင် ထိုင်ကာ စောင့်စားရင်း Mark
မြင်ကွင်းထဲ ရောက်လာတာက ဘေးတွင် ချထားသော လက်ဆောင်ဘူးလေး ~ ရုတ်တရက် သိချင်စိတ်ကြောင့် ဗူးကို လှမ်းယူလိုက်ရင်း အသာ ဖွင့်ကြည့်မိသည်~

Mark : ဒါက ......

      ဗူးထဲတွင် ရှိနေတာက  မာဖလာ တစ်ခုနှင့် စာတစ်စောင်~~

       မာဖလာက Mark နှင့် အတော်လေးကို ရင်းနှီးနေသည်~ သူအသေချာ မှတ်မိသေးပါ၏ ~ ထိုနေ့က နှစ်သစ်ကူး ကျောင်းပိတ်ရက် P'Gun ပထမဆုံး သူ့ဆီ စာလာသင်တဲ့နေ့က P'Gun ကို သူပေးခဲ့တဲ့ ပထမဆုံး လက်ဆောင်လေး ~~ အမြဲလိုလို သူနဲ့ အတွေးမတူတဲ့အတွက် အ့တုန်းက သူအမြင်မကြည်ခဲ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

       မာဖလာက Mark နှင့် အတော်လေးကို ရင်းနှီးနေသည်~ သူအသေချာ မှတ်မိသေးပါ၏ ~ ထိုနေ့က နှစ်သစ်ကူး ကျောင်းပိတ်ရက် P'Gun ပထမဆုံး သူ့ဆီ စာလာသင်တဲ့နေ့က P'Gun ကို သူပေးခဲ့တဲ့ ပထမဆုံး လက်ဆောင်လေး ~~ အမြဲလိုလို သူနဲ့ အတွေးမတူတဲ့အတွက် အ့တုန်းက သူအမြင်မကြည်ခဲ့တဲ့ P'Gunက သူပေးတဲ့ မာဖလာကို လက်မခံလို့ သူစိတ်ဆိုးပြီး လွှင့်ပစ်ဖို့တောင် ပြောပစ်ခဲ့သေးသည်~~
    အတိတ်အကြောင်းတို့က ပြန်လည် အမှတ်ရလေပြန်တော့ စိတ်လှုပ်ရှားစွာ ဗူးထဲမှ စာကို လျင်မြန်စွာ ဖွင့်ယူ ဖတ်မိသည်~

LOVE MiracleWhere stories live. Discover now