part 1

32 2 2
                                    

ငါအရူးလား ဆေးလိပ်သောက်ပါများလို့ ရူးကြောင်သွားတာများလား။
တွေးတောရင်း ဆေးလိပ်ရှိုက်လိုက်သည်။

ကျွန်တော်က သာမန် ဆယ်တန်းကျောင်းသားတယောက်ပါ ခပ်ဆိုးဆိုးကျောင်းသားပေါ့။
မိန်းကလေးအများစုကသဘောကျတတ်ကြပါတယ် ကျတော့်ကို။ ကျတော်လဲ ပြန်အီစီကလီလုပ်ရတာ ဝါသနာပါတာပေါ့ဗျာ။
လွန်ခဲ့တဲ့ တင်္နလာနေ့ က ကျတော် ပျင်းလို့  ရုပ်ရှင်ရုံသွားပီး လူတော်တော်များများမကြည့်မကြိုက်တဲ့ကားကို ကြည့်ခဲ့တယ်
တစ်ရုံလုံးတိန်ဆိတ်နေတာပေါ့ဗျာ။ ကျွန်တော်နေရာမှာ ဝင်ထိုင်လိုက်ပီး ရုပ်ရှင်ပြမာကိုစောင့်နေလိုက်တယ်။ ခနကြာတော့ လူတယောက်ဝင်လာတယ်။

သူကကျွန်တော် တစ်ခုံကျော်မှာနေရာကျတယ်ဗျ။
ကျွန်တော် သူ့ ကိုဘဲ အကြာကြီးကြည့်နေတော့ သူက ဒီဘက်လှည့်ပီးရုပ်တည်ကြီးနဲ့စိုက်ကြည့်နေခဲ့တယ်။

ကျွန်တော် မျက်လုံးအကြည့်ခွာပီး ရုပ်ရှင် ပြမာကိုဘဲ အာရုံလွဲခဲ့ပါတယ်။ မရပါဘူးဗျာ။ သူကအသေချောတော့ ကျတော် ကြည့်မိတယ် ခိုးခိုးပြီးတော့။

  ကဲ ကျတော်ဘာကျတော်ရူးနေတယ်ထင်ရအောင်ဖြစ်စေတာအဲ့အကိုကြီးပေါ့ဗျာ။
ဆေးလိပ်ကိုခြေထောက်နဲ့နင်းခြေသတ်ပီး
တချက်ပြုံးလိုက်မိတယ်။
ယောက်ျားချင်းကြီးကို အရမ်းမျက်စိထဲကမထွက်နိုင်ဖြစ်နေတာ မူမမှန်မှန်းသိတယ်။။

ကျွန်တော့်နာမည် ယူဂရွန်းမ် ပါ။ အမေနဲ့ နေတယ်။ မေမေက ချစ်ပါတယ် ဒီသားဆိုးလေးကို။
ကျွန်တော့်အသက်၁၆ကျော်ပီ ဆယ်တန်းပေါ့ဗျာ။

လွန်ခဲ့တဲ့ တစ်နှစ်မတိုင်ခင်က ကျတော်မဆိုးပါဘူး
ငယ်ရွယ်စဉ်မကိုင်ထိသင့်တဲ့ အချစ်ဆိုတာကြီးကို စမ်းသပ်ကိုင်တွယ်မိလို့ အချစ်ရူးရူးခဲ့ရတယ်။

ရိုလီ ဆိုတဲ့သူမကြောင့်ကျတော် ၉တန်းနှစ်ဆုံးမာအသည်းကွဲခဲ့ရတယ်ပေါ့ဗျာ။
အရမ်းမြတ်နိုးခဲ့တာကိုသူမက ဖြတ်သွားတော့ လူကယ်သဘာဝ ဆေးလိပ်တွေအရက်တွေ ဆီ စိတ်ပါလာတာပေါ့။ အသည်းကွဲတဲ့နောက်ဆက်တွဲလေ။

ကျတော်ထပ်မ ချစ်ချင်ပါဘူး  ကြောက်သွားခဲ့တယ်
အချစ်က ခဏတာဘဲလို့ ခံယူထားတယ်

အဲ့ခံယူချက်တွေကို ရုပ်ရှင်ရုံမာတွေ့ တဲ့ အကိုကြောင့် မပြောင်းလဲချင်တော့ဘူး

ဖြစ်နိုင်ချေ သုညဘဲလေ
ဒီလိုရူးစွပ်မှုမျိုးကိုဘဲကျတော် က ကြိုက်နေမိရင်တော့။။ ....

You've reached the end of published parts.

⏰ Last updated: Feb 24, 2019 ⏰

Add this story to your Library to get notified about new parts!

beautiful Where stories live. Discover now