အပိုင်း - ၁၈💛

Start from the beginning
                                    

"မင်းတစ်နေ့နောင်တရလိမ့်မယ် ပိုင်ခန့်"

လွန်း အခန်းတံခါးကိုအမြန်ဆုံးဖွင့်လိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်းက နိုရာ့၏လက်တွေအချည်ခံထားရပြီး အပေါ်ပိုင်းတွင်အင်္ကျီမရှိတော့ပါ။ ပိုင်ခန့်ကနိုရာ့အ‌ပေါ်မှတက်ခွထားပြီး လက်ထဲကဆေးထိုးအပ်ကိုလွန်းမြင်လိုက်သည်။ ကုတင်ပေါ်က ပိုင်ခန့်ကိုဆွဲထူလိုက်ပြီး စိတ်မကျေနပ်မချင်း ဆွဲထိုးတော့သည်။ ပိုင်ခန့်၏မျက်နှာတစ်ခုလုံးလည်းသွေးများဖြင့်နီရဲနေသည်။

"ကိုကို တော်ပါတော့ ... သေသွားလိမ့်မယ် ... တော်ပါတော့"

လွန်းကိုနိုရာလှမ်းတားလိုက်သည်။ လှမ်းဆွဲချင်သော်လည်းဆွဲလို့မရပါ။ လက်ကိုချည်နှောင်ခြင်းခံထားရသည်။

"ကိုကိုလွန်း နိုရာလက်အရမ်းနာတယ် ... ဖြည်ပေးပါ"

နိုရာ့ဆီကို လွန်းသွားလိုက်သည်။ လက်ကချည်ထားတာကိုဖြည်ပေးလိုက်သည်။ နိုရာ အသက်ကိုလုရှူနေရသည်။

"ကလေး!"

"ရင်ဘတ်အောင့်တယ် ... ဆေး ... ဆေးတိုက်ပါ"

"ခဏလေးနော် ... ခဏလေး"

လွန်း ဆေးများထည့်ထားသည့်အိတ်ဆီကိုအပြေးသွားပြီး ဆရာဝန်ပေးထားသည့် အရေးပေါ်ဆေးနှစ်လုံးကို နိုရာ့ကိုတိုက်လိုက်သည်။ နိုရာ ရေတောင်မသောက်နိုင်ဘဲဆေးတွေကိုမြိုချပစ်လိုက်သည်။

"ပိုင်ခန့် မင်းကိုငါတစ်သက်မကျေဘူး ... တရားဥပဒေအတိုင်းပဲ ရှင်းတာပေါ့ ... အခုတော့ မင်းသွားလိုက်တော့ ... ငါ့မျက်စိရှေ့ကထွက်သွား"

နိုရာ ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်ရီနေသည်။ လွန်းကိုဆုပ်ကိုင်ထားသည့်လက်ကလေးတွေက တဆက်ဆက်နဲ့တုန်ရီလို့နေသည်။ လွန်း နိုရာ့ကိုဖက်ထားလိုက်သည်။

"ဘာမှမဖြစ်တော့ဘူး ... ကိုယ်ရောက်လာပြီ ... သူဘာမှမလုပ်နိုင်တော့ဘူး ... ကလေး စိတ်ကိုလျှော့လိုက်တော့နော်"

နိုရာ လွန်း၏ခါးကအင်္ကျီစကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ငြိမ်နေသည်။ ခဏကြာတော့ နိုရာအသက်ရှူသံမှန်လာသည်။ ရင်ခွင်ထဲကနိုရာ့ကိုထုတ်လိုက်သည်။

Just For You💛Where stories live. Discover now