"ခင်ဗျားကဘာသောက်ချင်လို့လဲ"

"Black coffeeတခွက်လောက်။ဖျော်တတ်တယ်မလား။hunnieလက်ရာလေးသောက်ဖူးချင်လို့"

"........"

😒😒
သူများအိမ်လာပြီး လူကိုသက်သက်ခိုင်းစားနေတာ

ဘားမှမပြောဘဲမျက်စောင်းထိုးကာ မီးဖိုခန်းထဲ ဝင်သွားတဲ့hunnie။chanyeolလည်းထိုင်နေရတာ ပျင်းတာနဲ့ ဓာတ်ပုံတွေထောင်ထားတဲ့မှန်ဘောင်လေးတွေကို လိုက်ကြည့်နေလိုက်တာ။နောက်ဆုံးမှန်ဘောင်ကြည့်ခါနီးမှ
အတွင်းရေးမှူးဆီကဖုန်းဝင်လာတာကြောင့် ဆက်မကြည့်ဘဲဖုန်းပြောရန်
ထိုင်တဲ့နေရာပြန်လာလိုက်တယ်။

ငါးနှစ်သားအရွယ်နဲ့ဆယ်နှစ်သားအရွယ် ကောင်လေးနှစ်ယောက်ပြုံးကာ တဦးနဲ့တဦးလက်ချိတ်ထားသော ပုံလေးက ကြည့်သူမဲ့လျက်

"Aa ငါအခုက.....ရပ်ကွက်မှာ လာခဲ့လိုက်။aa မကြာစေနဲ့ဒါဘဲ။"

"ရော့"

Hunnieပေးသော ကော်ဖီခွက်ကိုမသောက်သေးဘဲ စားပွဲပေါ်ပြန်တင်ပြီး

"ကိုယ်မသောက်တော့ဘူး။ကုမ္ပဏီမှာကိစ္စလေးပေါ်လာလို့သွားမှဖြစ်တော့မယ်။"

"စေတနာနဲ့မတန်တဲ့ဟာသွားပေါ့ ဟွန့်"

"ဟိတ် ဘာတွေပွစိပွစိပြောနေတာလဲ။"

"ဘားမှမဟုတ်ဘူး"

Chanyeolသိသား။ဒီကောင်လေးဖျော်ပေးတာမသောက်လို့ ပွစိပွစိပြောနေတာ။
ဘာလို့မှန်းမသိ ကောင်လေးဖျော်ပေးတာကို
ိုသောက်ကြည့်ချင်နေတဲ့စိတ်ကြောင့် ထပြီးသားပြန်ထိုင်တော့
ဖုန်းကိုင်နေတဲ့ကောင်လေးကမော့ကြည့်ပြီး

"ခင်ဗျားမသွားသေးဘူးလား။"

"Hunnieဖျော်ပေးတာသောက်ကြည့်မလို့လေ"

"စောနက မသောက်တော့ဘူးဆို။"

"ကိုယ့်အတွင်းရေးမှူးကို ဒီလာဖို့ပြောထားတာ။သူ့စောင့်ရင်း သောက်မယ်လေ"

"ပြီးတာဘဲ"

Sehunရှေ့က ကော်ဖီကိုမျက်စိမှိတ်ပြီး အနံ့လေးရှုလိုက်။အရသာခံကာဖြေးဖြေးချင်းသောက်လိုက် လုပ်နေသောလူကို ငမ်းနေ အဲ့လေ မှားလို့ ကြည့်နေမိတာ ဘယ်လောက်ကြာသွားလဲမသိ ကော်ဖီခွက်ပြန်ချပြီး ကိုယ့်ကိုကြည့်လာတော့မှအသိဝင်လာတော့တယ်။

နောင်တတို့အလွန်(နောင်တတို့အလွန်)Where stories live. Discover now