အရက်​မူးမှ...ကျွဲခိုး​ပေါ်

Start from the beginning
                                    

သူငယ်​ချင်းဖြစ်​သူနဲ့ ကမ်း​ခြေကို ​ရောက်​​တော့
သူတို့အဖွဲ့က ​လေးငါး​ခြောက်​​ယောက်​​လောက်​ရှိတယ်​ ။
ကိုယ်​သိတာ ဆိုလို့ ပြည့်​စုံတစ်​​ယောက်​ပဲ ။ ဒါ​ပေမယ့်​လည်း
ယောက်ျား​လေးချင်းဖြစ်​တာရယ်​ ၊ လူငယ်​​တွေချည်းပဲ
ဖြစ်​တာရယ်​​ကြောင့်​ အရမ်း​တွေ စိတ်​ဖိစိး​နေစရာမလိုဘဲ
လွတ်​လွတ်​လပ်​လပ်​ ဖြစ်​သွားကြတာပါပဲ ။

" ​ဟေ့​ကောင်​ မခုတ်​တတ်​တဲ့ ​ကြောင်​​လေးလို
လုပ်​မ​နေစမ်းနဲ့ ​ရော့ ​သောက်​ "

ဘီယာတစ်​ဗူးကို ကမ်း​ပေးကာ ဆိုလာတဲ့ ပြည့်​စုံ ။

" ငါ မ​သောက်​​တော့ဘူး "

အမြည်းပဲထိုင်​စား​နေတဲ့ ကိုယ့်​ကို မ​ကျေနပ်​ကြ​တော့ဘူး
ထင်​ပ ။ နှစ်​​ကောင်​သား အတင်းချုပ်​ကာ ပါးစပ်​ထဲ
တစ်​ဗူးလုံးကုန်​​အောင်​ ​လောင်းထည့်​ကြသည်​ ။
ကိုယ်​ကလည်း မကြိုက်​ရှာဘူး ဆို​တော့ အကုန်​လုံးကို
မြိုချပစ်​လိုက်​သည်​ ။ ​အေး​ရော ။

" လဒ ..မ​သောက်​ဘူး ဆို "

" ဟဲ ဟဲ မ​သောက်​တာကြာ​တော့လည်း
သောက်​လို့​ကောင်းသား "

သောက်​ရင်း ​သောက်​ရင်း ​ရေချိန်​အ​တော်​ကိုက်​လာ​လေပြီ ။
တစ်​ချက်​ တစ်​ချက်​ ကိုကြီး မျက်​နှာကြီး ​ပြေး​ပြေးမြင်​​နေလို့
တဟားဟားနဲ့ ရယ်​​နေရတဲ့အဖြစ်​ ။

အိပ်​မက်​လိုလို ဘာလိုလို အသိစိတ်​​တွေလွတ်​သွားခဲ့ပြီး
အိပ်​စက်​ခြင်းရာ​တွေဆီ ။

~~~~~~~~~~~~~~








" က​လေး ..."

" ဟာ ဒါဘယ်​သူကြီးလဲ ကိုကြီး.....
ကိုကို ခိခိ "

ပါးနှစ်​ဖက်​ကို အုပ်​ကိုင်​ကာ မပွင့်​​တော့တဲ့ မျက်​လုံး​တွေဖြင့်
တခိခိလုပ်​​နေပါ​သော အမူးသမား​လေး ။
ပြောပြရရင်​လည်း ကိုယ့်​​ပေါင်​ ကိုယ်​လှန်​​ထောင်းသလို ဖြစ်
သွားမှာပဲ ။ မတတ်​နိုင်​ ။
မုန့်​ဆိုင်​မှာ ဒင်း​လေးက တဟားဟားလုပ်​တာကို
လှောင်​တယ်​ထင်​တာထက်​ ကိုယ့်​ကိစ္စက အ​ရေးကြီး​နေခဲ့တာ
ကိုး ။ ရှူး ​ပေါက်​ချင်​​နေတဲ့ ကိုယ့်​အဖြစ်​က မုန့်​ဆိုင်​က​နေ
ပိုက်​ဆံအရင်​ရှင်းပြီး Hotel ဆီ ​ပြေးရ​တော့တာပဲ ။
အာ့လိုမှ မ​ပြေးရင်​လည်း ကျုပ်​ image ​တော့
အဖက်​ဆယ်​လို့မရ ​တော့မှာပဲ ။

|| သူ ချေ ကိုယ် ချေ ||သူချေ ကိုယ်ချေ (Completed)Where stories live. Discover now