US(20)

69K 5.1K 25
                                    

[Zawgyi]

"Sam! ကလေး!!!"

ခွေခနဲ လဲကျသွားသော Samသူရိန်ကို စေသုဈာန် အနောက်ကနေ အလျင်အမြန် ပွေ့ ပြီး လှမ်းထိန်းလိုက်ရ၏။

စေသုဈာန်ကသာ စိုးရိမ်တကြီးနဲ့ Samလေးကို ခေါ်နေပေမယ့် Samလေးတစ်ယောက်ကတော့ အသက်မဲ့နေသူပမာ တုပ်တုပ်မျှပင် မလှုပ်သေး။

"ဦး.....ဦး.....စေ...."

"အွမ်း...ပြော ကလေး...ဘယ်သူ ဘာဖြစ်လို့တဲ့လဲ"

ပွေ့ဖက်ထားရင်းက စိုးရိမ်ကြီးစွာဖြင့် စေသုဈာန် မေးလိုက်၏။

"Dad.....dy.......အရေး....ပေါ်....ခန်း....မှာ....တဲ့"

စကားလုံးတစ်လုံးစီကို အားယူပြီး ကတုန်ကယင် ပြောနေရှာသော Samလေးရဲ့ စကားတွေက တိုးတိုးလေးသာ ထွက်လာတာမို့ စေသုဈာန် အားစိုက်ကာ နားထောင်နေရ၏။

ဒါပေမယ့်.....Samလေးပြောလိုက်တဲ့ စကားတွေကြောင့် စေသုဈါန် သူကိုယ်တိုင်တောင်ပင် အနည်းငယ် တုန်လှုပ်သွားမိ၏။ ထိုကလေးသာဆို..............

"Dad....dy.....ဆီ....ပို့....."

စကားပင်ဆုံးအောင် မပြောနိုင်ရှာသော Samလေးတစ်ယောက် ရင်ဘတ်ထဲက နာကျင်မှုတွေကြောင့် မေ့မြောခြင်းသို့ ခေတ္တအနားယူမိတော့လေ၏။

                  ************

"Daddy!!!"

Samလေး Daddyဟု အသံကျယ်လောင်စွာဖြင့် ကယောင်ကတန်းထအော်ပြီးတပြိုင်နက် ထထိုင်မိလျက်သားပင်။

"သားSam! သားလေး....."

Samလေး သူ့ရဲ့မိခင် ဒေါ်ဆောင်းမေသူ အပြေးလေးလာ၍ လူနာခုတင်ပေါ် ငုပ်တုပ်ထထိုင်မိသော သူ့ကို တင်းကြပ်စွာ ပွေ့ဖက်ထားသည့်တိုင် Samလေး အဖြစ်အပျက်တွေကို အခုထိနားမလည်နိုင်သေး.....။

"မား....Daddyရောဟင်? Daddyခွဲခန်းထဲကထွက်ပြီလား? သားကရော ဘာလို့ ဒီရောက်နေတာလဲဟင်? မား....."

ဒေါ်ဆောင်းမေသူ သူမ၏သားကို ဘယ်လိုရှင်းပြရမလဲမသိနိုင်ဘဲ Samလေးကို ပွေ့ဖက်လျက်သား ငိုမြဲငိုလျက်။

"မား.....ဘာလို့ ငိုနေတာလဲ? Daddyရောဆို..."

Samလေး ပွေ့ဖက်ထားသော သူ့ရဲ့အမေကို ဆွဲခွာလျက် သူ့Daddyကိုသာ မေးနေလေ၏။

ဦးစေ {completed}ဦးစေ(Zawgyi+Unicode)Where stories live. Discover now