Baekhyun တစ်ယောက်မျက်စိနောက်လာတာကြောင့်

"ဆယ်ဟွန်း ငြိမ်ငြိမ် ထိုင်နေစမ်းပါကွာ "

"မင်းတို့က ဒီခံစားချက်ကို နားမလည်ပဲနဲ့ကွာ...
ရင်တွေက ပရမ်းပတာ ခုန်နေတာကွ...

အေးပေါ့ မင်းတို့က ဘယ်သိမလဲ? အဟွင်း"

အိုဆယ်ဟွန်းနီးလေးကို သူတို့က မနာလိုနေတာ ထင်တယ် အဟင်း...
လက်ထပ်ခွင့်တောင်းထားရုံပဲ ရှိသေး မင်္ဂလာ မှ မဆောင်ရသေးတာ ကျွတ်ကျွတ်..

Baekhyunနဲ့ D.O.ကို သနားစဖွယ် ကြည့်လိုက်ပီး

"လက်ထပ်ခွင့်တောင်းထားရုံပဲ ရှိသေးတော့ ငါလို သတိုးသား တစ်ယောက်ရဲ့ ခံစားချက်ကို မင်းတို့ ဘယ်နားလည် မလဲကွ အဟင်း

အော် ဆော်ရီးနော် နှိမ်သလို ဖြစ်သွားလား ဟင်း..."

ဆယ်ဟွန်း အသံကြောင့် Baekhyunတစ်ယောက် ရှူးရှူး ရှားရှားတွေ ဖြစ်လာကာ...

"ဟျောင့် မင်းရော လက်ထပ်ခွင့် တောင်းခံဖူးလို့လား... "

ဒီတစ်ခါ ရှူးရှူးရှားရှားပြန်ဖြစ်ရတာ ကျွန်တော် အိုဆယ်ဟွန်းနီး😶

မသိဘူး ဝမ်းနည်းသွားပြန်ပီ😞😞

မျက်နာကို အတတ်နိုင်ဆုံး ထိန်းထားလိုက်သည်...ဝမ်းနည်းတာကို ဟိုနှစ်ယောက် မသိစေရ
အနှိမ်မခံနိုင်ပါ😎

အိုဆယ်ဟွန်း ကပဲ နှိမ်မယ်...
အိုဆယ်ဟွန်း ကပဲ အနိုင်ကျင့်မယ်😎

အိုဆယ်ဟွန်း ကို လာနှိမ်တာမျိုး လက်မခံနိုင်😌

"ကိုကြီးက လက်ထက်ခွင့်တောင်းတာပေါ့

ရိုဆန်ဆန်လေး မဟုတ်ပေမဲ့ မင်းတို့သိရဲ့လား

ကိုကြီးရဲ့ တည်ကြည်နေတဲ့ မျက်နာလေးနဲ့ ငါကိုသေချာကြည့်ပီး လက်ထပ်ခွင့်တောင်းတာ...

ရုတ်တရက် ကြီးနော် သားကြီးတို့...

ဘယ်လောက်ကြည်နူးဖို့ကောင်းသလဲဆိုကွာ...

မင်းတို့ကိုပြောပြလဲ သိမှာ မဟုတ်ပါဘူး အဟင်း...

ရိုဆန်ဆန် လက်ထပ်ခွင့်တောင်းပေမဲ့ ငါတို့ လောက် ကြည်နူးဖို့ မှ မကောင်းတာ အဟင်း.."

Stalker 🐤🐣(Complete) Where stories live. Discover now