အော်...အဲ့လိုဆိုလို့ကျတော့်ကို
ခင်ဗျားတို့လိုဌက်ပျောပင်ပိုင်ရှင်FAတွေလို့
တော့ မထင်လိုက်နဲ့နော်။
ကျတော်ကနည်းနည်းပွေတယ်...
ဘယ်လိုပြောရမလဲ,, လက်တည့်စမ်းတဲ့
သဘောပေါ့...ကျတော့်ရုပ်ရည်ကလဲ
အပြစ်အနာအဆာရှိတယ်ရဲ့မှမဟုတ်ဘဲ။
အဲ့တော့ စော်တွေ ဘဲတွေဆိုတာ
ကျတော့်အတွက်တော့Limited Edition
လို့မပြောလိုဘူး။

"ထယ်ယောင်းးး!!!"

"What the....လန့်လိုက်တာဂျီမင်ရာ။
ငါစဉ်းစားနေတာတွေFeelအောက်တယ်,
အသံဆိုးကြီးနဲ့ကွာ!!"

"အသံဆိုးလုပ်မနေနဲ့။ ငါတို့ကိုဒီအပတ်တင်
ခိုင်းတဲ့Assignmentပြီးပြီလား?"

"ငါကမင်းဆီက ကူးနေကြလေ။ ဘာလို့ငါလာ
ပြန်မေးနေတာလဲ ဂျီမင်?"

"Aishh...ငါဒီအပတ်ရေးဖို့မေ့သွားလို့ပေါ့"

"မင်းတောင်မေ့တယ်ဆိုတော့ ငါဆိုတာသတိ
ရစရာအကြောင်းမရှိဘူးလေ။ နေပါဦး...
မင်းကမမေ့စဖူးမေ့ရအောင် ဘာတွေလုပ်
နေလို့လဲ?"

"ထယ်ယောင်း...ငါလေ...ငါ...ငါကြိုက်နေတဲ့လူ
ရှိနေပြီ"

အသက်17နှစ်အရွယ်ကောင်လေး
တစ်ယောက်မှာ ကြိုက်ရမဲ့လူရှိတယ်ဆိုတာ
ထူးဆန်းရယ်တယ်တော့လဲမဟုတ်။
ဒါပေမဲ့ Jimin ကသူ့လိုငပွေငရှုပ်
လူစားမျိုးထဲမပါဝင်...ကျောင်းစောင့်နတ်နဲ့
တည့်တဲ့လူစားမျိုးလေးပေါ့။

"ချောလား?"

"မင်းဆိုတာကလဲလေ...အချစ်မှာမျက်စိမရှိဘူး
ဆိုတာမင်းနားမလည်ဘူးလား??"

"ဘာလဲ...မင်းကြိုက်တဲ့တစ်ယောက်က
မျက်စိမရှိဘူးလား?"

"မဟုတ်ဘူး...နည်းနည်းမှေးတာ"

ဂျီမင့်စကားကြောင့် ခပ်ဟဟရယ်မိသည်။
ဒီလောက်ဆို ဂျီမင်ကြိုက်တာ
ဘယ်သူလဲ သူသဘောပေါက်လိုက်ပြီ။
သူတို့ကျောင်းက Basketball Captainကြီး
မင်ယွန်ဂီဆိုတာသေချာသလောက်ပဲလေ။

အသားဖြူ ဖြူ မျက်လုံးမှေးမှေး
လူကတော့ ရေလည်ချေသလားမပြောနဲ့။
နောက်ဆုံးချေစရာမရှိရင်
စက္ကူ စုတ်ကိုထိုင်ပြီးလုံးချေနေမဲ့ရုပ်ကြီး။
Basket ball Captainသာပြောတယ်
အရပ်ကလဲ သူ့ပုခုံးလောက်ပဲရှိတာပါ။
ဂျီမင်ပြောတာ မှန်တယ်...
အချစ်က မျက်လုံးနည်းနည်းမှေးတာတဲ့။

CyclamenWhere stories live. Discover now