🌺 ဇာတ်​သိမ်းပိုင်း ၅ 🌺

Start from the beginning
                                    

" ခွင့်​ပြုမှာလား ဆက်​... ''

" အဲ့လိုကြီး​မေး​တော့ ဆက်​ကဘယ်​လို​ဖြေရမှာလဲ.... ''

အသည်းယားဖွယ်​​ကောင်းစွာ... မပွင့်​တပွင့်​​ပြော​နေ​သော က​လေးငယ်​...။

ချမ်း သူမနဖူး​လေးကို မြတ်​နိုးစွာနမ်းလိုက်​မိသည်​ ။ နှုတ်​ခမ်းပါးတစ်​စုံ၏ ဆွဲ​ဆောင်​မှု​အောက်​မှလည်း ရုန်းမထွက်​နိုင်​ခဲ့ ။

ဆက်​အင်္ကျီ၏အ​ပေါ်ဆုံး ကြယ်​သီးတစ်​လုံးကိုဖြုတ်​မိချိန်​......... ။

ရင်​ခုန်​သံ​တွေအကျယ်​​လောင်​ဆုံးအချိန်​ဖြစ်​ခဲ့သည်​ ။ တစ်​​လောကလုံးရှိ အသံများအားမကြားနိုင်​​လောက်​​အောင်​ပင်​ ကျယ်​​လောင်​​နေသလို... ။

နှုတ်​ခမ်းတစ်​စုံ၏ ချိုမြမှု​အောက်​တွင်​ ရုန်းမထွက်​နိုင်​​သော သူမတို့သည်​........

" သမီး​ရေ... အို.... ''

အခန်းထဲ ဘယ်​အချိန်​က​ရောက်​​နေမှန်းမသိ​သော ဆက်​​မေ​မေသည်​ သူမတို့ဘက်​ကို ​နောက်​​ကျောကြီး​ပေးလျှက်​ ရပ်​​နေ​လေ၏ ။

ချမ်း ဆက်​ကိုယ်​​ပေါ်က​နေ မြန်​မြန်​ဘဲကုန်းထလိုက်​ရသည်​ ။ စိတ်​ထဲမှာ​တော့ မ​ကျေမချမ်းဖြင့်​သာ ။ ဆက်​ကလည်းအင်္ကျီ​တွေပြန်​ပြီးဆွဲချ​နေပြန်​၏ ။

" ​ပြော ​ပြော​လေ​မေ​မေ... ''

" တံခါး​တော့ ​ခေါက်​​သေးတယ်​... အသံမကြားတာနဲ့... ခဏ​နေရင်​​အောက်​ဆင်းခဲ့ကြဦး ''

ဆက်​​မေ​မေ ပြန်​ထွက်​သွားတာနှင့်​ ချမ်း ကုတင်​​ပေါ်မ​ကျေမချမ်းနှင့်​ ခုန်​​နေမိသည်​ ၊၊ ဆက်​က​တော့ သူမကိုကြည့်​ကာ တစ်​ခစ်​ခစ်​ရယ်​​နေ​လေရဲ့... ။

" နှစ်​ခါရှိပြီကွာ... နှစ်​ခါရှိပြီ... လွန်​ခဲ့တဲ့​ခြောက်​နှစ်​ကလည်း သူဘဲ.... ​ယောက္ခမကြီး လွန်​ပြီကွာ.... ''

" ချမ်းက တံခါး​သေချာပိတ်​ခဲ့ရမှာလေ... ''

" ဟာကွား....... ''

မျက်​နှာကြီးအုပ်​ကာ ကုတင်​​ပေါ်ခုန်​​နေ​သော ချမ်းကိုဆက်​မြတ်​နိုးစွာကြည့်​​နေမိသည်​ ။

ပျောက်ကွယ်ခဲ့သော... Z+UWhere stories live. Discover now