သွားတန်းလှလှလေးပေါ်လာတဲ့ အထိ မျက်လုံးလေးတွေမှိတ်ကျသွားအောင် ရယ်ပြပြီး နှုတ်ဆက်လာတဲ့ သားလေးကို ဦးမင်းသူရိန်တစ်ယောက် စေသုဈာန်ဆီ ပြန်မလွှတ်ချင်လောက်အောင် ရင်ခွင်ထဲထွေးပွေ့ထားချင်သော်လည်း ယိုင်နဲ့နေတဲ့ Companyအခြေနေက အသိစိတ်ကို သတိပေးနေလေ၏။

အခုချိန်မှာ ဦးမင်းသူရိန် နှုတ်ကသာ သူ၏သားကို လေသံမာမာဖြင့် အော်ထုတ်နေသော်လည်း နှလုံးသားထဲက မျက်ရည်စက်လက်ဖြင့်။

ဒေါ်ဆောင်းမေသူနဲ့ ဦးနေသူရိန် ဝင်ပြောပါမှ Samလေးကို နှင်ထုတ်ဖို့အရေး ဦးမင်းသူရိန် လက်လျော့လိုက်တော့၏။

Breakfastဝိုင်းမှာ မိသားစု စုံစုံညီညီနဲ့ စားကြတာ Samလေး ယောကျာ်းယူပြီး ပထမဆုံးအကြိမ်ပင်။ မိသားစု တစ်ယောက်ချင်းစီမှာ အရင်ကလို ပူပန်တွေးတောနေတာ မရှိဘူးဆိုရင်တော့ ဒီBreakfast ဝိုင်းလေးဟာ စည်ကားနေမှာ ဖြစ်နေလိမ့်မယ်........။

"Daddy... သားDaddyတို့နဲ့ Companyလိုက်ချင်တယ်"

တိတ်ဆိတ်နေသော Breakfastဝိုင်းကို Samလေးရဲ့ တိုးငယ်နွမ်းလျသော အသံလေးကဖြိုခွဲလိုက်လေ၏။

"မရဘူး! စားပြီးတာနဲ့ သင်တန်းလွှတ်ချိန်အတိ စေသုဈာန်ကို ပြန်စောင့်နေ"

"ဘာလို့ သားကို အဲ့လူကြီးဆီဘဲ ပို့နေတာလဲ!!! သားက Daddyရဲ့သားပါ!!!"

"ဒါပေမယ့် အခုချိန်မှာ မင်းနဲ့သက်ဆိုင်တာက စေသုဈာန်လေ!!!"

ခုနကတင် တိတ်ဆိတ်နေသော ဝိုင်းက အခုတော့ သားအဖနှစ်ယောက်ရဲ့ တစ်စထက် တစ်စ ပိုကျယ်လောင်လာသော အသံတွေနဲ့ ပြည့်နေတော့၏။

"ဒါကြောင့်လား?!!! Daddyသားကို တွန်းပို့နေရတဲ့ အကြောင်းရင်းက ဒါကြောင့်လားလို့?!!!"

"......."

ဦးမင်းသူရိန် Samလေးသူ့လွယ်အိတ်ထဲက အလျင်အမြန်နှိုက်ကာ ထုတ်ပြလိုက်သော သတင်းစာမှာပါတဲ့ ခေါင်းစဉ်ကြောင့် ပြောစရာ စကားမရှိတော့လောက်အောင် ဆွံ့အသွား၏။

"အဲ့အကြောင်းအရင်းကြောင့် ဆိုရင်တော့.....သားဘယ်တော့မှ အဲ့လူကြီးဆီ ပြန်မသွားဘဲ ဖြစ်လာတဲ့ အရာတွေကို Daddyတို့နဲ့အတူတူ ရင်ဆိုင်မှာလို့!!!!!!"

ဦးစေ {completed}ဦးစေ(Zawgyi+Unicode)Where stories live. Discover now