Hana .

876 40 6
                                    

Camera မီး တဖျတ်ဖျတ်နှင့် .... lighting များစမ်းသပ်နေကြသည် ။ Camera ၏ မြင်ကွင်းဦးတည်ရာသည် ... lighting stan များ၏ အလယ်၌ ထားရှိထားသည့် ခုံလေးတစ်လုံးဆီ ...
ထို ထိုင်ခုံ၌ဝင်လာထိုင်မည့် တစ်စုံတစ်ဦးမရောက်လာခင်အထိ ... စတူဒီယို တစ်ခုလုံးအလုပ်ရှုပ်နေကြသည် ။ ရှုပ်ဆို .. ယခုတစ်ခေါက် သူတို့ interview ရန်ဖိတ်ကြားထားသူသည် .. သာမာန်ကျော်ကြားမှုမျိူးဖြင့် ခမ်းနားနေသူမှမဟုတ်ဘဲ ...

မကြာသောအချိန်အတွင်းမှာပင် ...
အနက်ရောင် အောက်ခံထက် ပန်းပွင့်များစီခြယ်ထားသော ကီမိုနို ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူတစ်ယောက် စတူဒီယို အခန်းတွင်းသို့ ပြုံးကာ ဝင်ရောက်လာသည် ။

ထိုသူ၏ ခြေတလှမ်းချင်းတိုင်ဟာ ... သိမ်မွေ့လှလွန်းနေသလို ... ထိုသူ ခြေလှမ်းလိုက်တိုင်း လွင့်တက်သွားသည့် ဝတ်ရုံအစလေးကအစ .. စတူဒီယိုအတွင်းရှိ လူအတော်များများအား အကြည့်မလွှဲနိုင်အောင် ညှိ့ငင်ဖမ်းစားထားနိုင်သည် ။

ထိုသူသည် ...
Ent.တိုင်းက လိုချင်သော ...
ကမ္ဘာကျော် Brand တိုင်းက သူတို့၏ ပင်တိုင်မော်ဒယ် ဖြစ်စေချင်နေသော ...
Model လောက၏ အမြုတေ .. Globel Modeling ပညာအား မွေးရာပါ ကျွမ်းကျင်သည့် Intel.Model Kim Taehyung ဆိုသူပင် .....

〰️ Kim Taehyung ၏ တချိန်က နာမည်ကြီးခဲ့သော အချစ်ရေး 〰️
( ဝါ )

〰️ ယခုအခါ အရှုပ်အရှင်းသတင်း တစ်စွန်းတစတောင် ထွက်ပေါ်မလာတော့သည့် အတိတ်က အချစ်ရေး 〰️

BH Ent. ၏ နာမည်ကြီး Producer August D လူသိများသည့် ကမ္ဘာကျော် Music Producer Min Suga နှင့် Globel Model V တို့၏ စိတ်ဝင်စားဖွယ် အချစ်ရေးအက်ကြောင်းအား ပြန်ပြောင်းကာ ဖော်ထုတ်မည်မို့ ပရိတ်သတ်အများအပြားကလဲ စိတ်ဝင်တစား ရှိနေကြသည် ။
ပိုမို စိတ်ဝင်စားစရာကောင်းသည်က ... အချေဟု နာမည်ကြီးသည့် Suga မှ ထို interview အားလက်ခံခြင်းပင် ။

သူ ရင်တွေအရမ်းခုန်နေမိပါသည် ။
Hyung သူ့ကို ချစ်ရေးဆိုတုန်းကလိုမျိုး ... ထိုအချိန်က ရင်ခုန်နေခဲ့တဲ့ 23 နှစ်အရွယ် ကောင်လေးတစ်ယောက်မျိုး ဖြင့် သူ့ရင်တွေခုန်လှပါသည် ။
interview အား Hyung ဘက်က လက်ခံသည်ဟု ကြားစဉ်က သူ့သွေးတွေပြောင်းပြန်စီးဆင်းသွားသလိုပင် ...
အမှန်အတိုင်းပြောရရင် ပြန်တွေ့ချင်ပါသေးသည် ။
ရည်စားဟောင်း အချစ်ဟောင်း ဆိုတာ လွယ်လွယ်မေ့နိုင်ရိုးရဲ့လား ... အထူးသဖြင့် ရည်စားဦး အချစ်ဦး ဖြစ်ခဲ့သည်ဆိုရင်ပေါ့ ။

Boyfriend Where stories live. Discover now