ထိုအခါမျိုးတွေမှာ ထယ်ယောင်းရင်တွေ
ထိန်းမရအောင်ခုန်ပါသည်။စကားတွေမှားသည်။
စာရေးလျှင်လည်းစာမှားသည်။ဘာလုပ်လုပ်
စိတ်နဲ့ကိုယ်နဲ့မကပ်။ယခုတော့ ရှက်တာကို
မပေါ်အောင် ဒေါသအသံနဲ့ပြောမိလိုက်ခြင်း
အတွက် သူနောင်တအကြီးအကျယ်ရနေမိသည်။

" ယွန်းဂီ ငါ ဘာလုပ်သင့်လဲ "

" တောင်းပန်လိုက် "

" မတောင်းပန်ချင်ဘူး ငါမှမမှားတာ "

" အေး မင်းမှားတာမှန်တာငါမသိဘူး ....
မင်း ဂျုံးဂုကို စိတ်ဝင်စားတယ်မဟုတ်ဘူးလား ?
အဲ့တာဆိုတောင်းပန်လိုက် ... ချစ်ရင်အလျော့ပေး
ရမှာထုံးစံပဲ ...အဲ့တာမှ မဝေးမှာ "

" ငါ.... ငါ "

" မူမနေနဲ့ဟေ့ကောင် ။ ဘယ်သူမှကိုယ်စိတ်
မဝင်စားတဲ့တစ်ယောက်ကို အလုပ်ထဲ
ချောင်းပေါက်အောင်လာမခိုင်းဘူး။ "

ဂျီမင်အသံစူးစူးကတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
အိပ်ရာက အခုမှနိုးသောအသံကြီးဖြင့် ယွန်းဂီကို
ဘာတွေတတွတ်တွတ်အပူကပ်နေမှန်းမသိ။
အနှီငပု၏ရစ်နိုင်စွမ်းအားမှာ သူ့နီးနီးရှိသည်မို့
ထယ်ယောင်းဖုန်းအမြန်ချလိုက်ရပါသည်။
မဟုတ်ရင်ရှိသမျှအစဆွဲထုတ်ပြီး မောင်းခတ်
နေချေတော့မည်။

ထယ်ယောင်းသည် စိတ်ကိုဒုံးဒုံးချပြီး ဂျုံးဂုကို
ဖုန်းခေါ်ခဲ့မိတော့သည်။တစ်ခုခုမှမပြောလိုက်ရလျှင်
သူ ဒီညတစ်ညလုံးအိပ်ပျော်မည်မထင်ပါချေ။

" အေး အိပ်ပြီလား "

ကိုယ့်အသံကိုယ် ထယ်ယောင်းလန့်သွားသည်။
ရှုတည်တည်အသံကြီးကြောင့် ငိုချင်စိတ်ပင်
ငေါက်ခနဲထလာသလို။အမှန်ဆို " ဂျုံးဂု
အိပ်နေပြီလား"ဒီလိုလေးမေးရင်တောင်မဆိုး။

မင်းရူးသွားပြီလားကင်မ်ထယ်ယောင်းရေ....

ခေါင်းကိုတစ်ချက်ထုလိုက်ရင်း ထယ်ယောင်း
ကုန်းကုန်းကွကွလုပ်နေမိသည်။အဖြေမလာသော
ဂျုံးဂုကြောင့် သူ့စိတ်တွေတည်ငြိမ်မရ။

" ဂျုံးဂု ....ငါပြောတာမကြားရဘူးလားဟင် "
" စိတ် စိတ်ဆိုးသွားပြီလား ? "
" မင်းကယောကျာ်းကြီးဖြစ်ပြီးစိတ်ဆိုးတယ်ပေါ့"

OUR UTOPIA [Completed]Where stories live. Discover now