"ကိုကြီး "

ရင်ခွင်ထဲက အချစ်က ငြိမ်နေလို့ အိပ်နေတယ် ထင်နေတာကို မျက်ရည်လေးဝဲလို့ မော့ကြည့်လာတဲ့ အချစ်ကြောင့် ချန်းယောလ်မှာ ပြာယာ ခတ်ရတော့သည်....။

"အချစ် ဘာဖြစ်လို့လဲ မူးလို့လား"

"ဟင့် ဟုတ်ဘူး "

"ဘာလို့လဲ အချစ်ရယ် ကိုယ် ရင်ပူအောင် "

"ကိုကြီးက ဘာလို့ အဲ့လောက် perfect ဖြစ်နေတာလဲလို့ ခုတော့ လေယာဉ်မယ် တွေက ကိုကြီးကိုပဲ ငေးနေကြပီ"

"ဟင် ကိုယ် ကမငေးဘူးလေ အချစ်ရယ် ကိုယ်က သိတောင်မသိတာကို"

"မသိဘူး ကိုကြီး မျက်နာကို ဖုံးထား "

"အချစ်ကလဲ အချစ်ကို ဒီလောက်တောင်ဖက်ထားကို ကိုယ်မှာ ပိုင်ရှင် ရှိမှန်းသိမှာပါကွာ "

"ဟင့်အင် အချစ်ကို ကိုကြီး ညီလေးလိုပဲ ထင်နေမှာ "

"ဟော ကိုယ်သက်သေ ပြလိုက်မယ်လေ ကိုယ့်ချစ်သူ ဆိုတာကို"

"ဘယ်လိုမျိုးလဲ "

"ဒီလို "

ကိုကြီးက ဆယ်ဟွန်း နှုတ်ခမ်းလေးတွေကို ဖွဖွလေး ဖိကပ်နမ်းလိုက်သည်...။

ဒါကိုမြင်တဲ့ လေယာဉ်မယ် မမတွေလဲ ကိုကြီးမှာ ပိုင်ရှင်ရှိကြောင်း သိကုန်လောက်ပီ...။

ဆယ်ဟွန်း ခုမှပဲ ကျေနပ်ပြုံးလေး ပြုံးကာ ကိုကြီး ရင်ခွင်ထဲ ပိုတိုးလို့သာ ဝင်လိုက်သည်...။

ကိုကြီးကို အရမ်းချစ်တာပဲ...😚

ဟိုဘက်က Baeksooအတွဲကတော့ လေယာဉ် ဆင်းကားနီးမှာသာ နိုးလာကြသည်...။တစ်လမ်းလုံးအိပ်နေကြတာ ဝက်ပုတ်တွေကြလို့😪

Baek က ဟိုတယ်ကို ကြိုပီး စီစဉ်ခိုင်းထားကာ proposeလုပ်ဖို့ အတွက် စီစဉ်ထားပီးဖြစ်သည်......။
အနည်းငယ်လောက်ပဲ ထပ်ပြင်ဖို့ လိုတော့တာဖြစ်ပီး ဆယ်ဟွန်း လေးက ကူညီပါမယ်တဲ့😃😃

လေယာဉ်ဆင်းလာတော့ နောက်နားလေးကို သွားပီးဟိုတယ်ကို သေချာအောင် Phဆက်မေးနေတဲ့ Baekhyunကြောင့်

ဘယ်သူနဲ့ Phပြောလို့ပြောနေမှန်းမသိတဲ့ D.oခဗျာ ဆယ်ဟွန်း တို့ အတွဲနားမှာကြောင်တောင်တောင်လေးဖြစ်လို့...။

Stalker 🐤🐣(Complete) Where stories live. Discover now