သူမရောက်နေသောနေရာကိုသေချာကြည့်လိုက်တော့လည်း ယနေ့ခေတ်၏ ဆေးရုံအခန်းတစ်ခုဆိုတာ သေချာပါသည် ။ လွန်ဆွဲနေသောစိတ်တွေကြားမှာ သေချာတာတစ်ခုကတော့ သူမရှိုက်ကြီးတငင်ငိုနေမိသည် ။
ရုတ်တရက်ပြတင်းပေါက်ပွင့်လာပြီး ဆရာဝန်အစ်မကြီးတစ်ယောက်ဝင်လာ၏ ။
" ဆက်... ဆက်သတိရလာပြီ.... ဆက်သတိရလာပြီ......... ''
သူမကိုမြင်သည်နှင့် မျက်ရည်တွေဝဲတက်ကာ ငိုသံပါကြီးနှင့်အော်နေသော ထိုမမဒေါက်တာကို ဆက်ထူးဆန်းစွာကြည့်နေမိသည် ။
ကိုယ်လုံးကိုယ်ပေါက်က ချမ်းနှင့်တူသလိုလိုရှိသော်လည်း မျက်နှာရော ၊ အသံရောက ချမ်းမဟုတ် ။
" ဆက်ရဲ့မေမေ့ကိုခေါ်ပေးပါ... ''
သူမမဟုတ်သော သူမအသံကြီးနှင့်ပြောလိုက်မိတော့ ထိုဆရာဝန်မမက သူမနားသို့အပြေးကလေးလျှောက်လာ၏ ။
သူမမျက်ရည်လေးတွေကိုသုတ်ပေးပြီး ရုတ်တရက်ကြီးငုံ့ကျလာသောမျက်နှာက သူမနှုတ်ခမ်းတွေပေါ်သို့ ။
အသက်ပင်ကောင်းကောင်းမရှူရသေးသော အခြေအနေမှာ ပြင်းရှရှအနမ်းတွေက ကြမ်းတမ်းလွန်းသည် ။
ဘယ်သူမှန်းမသိသောသူဆီမှာ အနမ်းခံနေရတာကပိုဆိုးသည် ။ အဆိုးဆုံးက ထိုအခြေအနေကြီးကို တစ်လက်မတောင်လှုပ်မရသောသူမက ကျေကျေနပ်နပ်ကြီးလက်ခံလိုက်ရသလိုဖြစ်နေခြင်းပင် ။
တွန်းပစ်ဖို့လည်းခွန်အားမရှိ ။
ရုန်းထွက်၍လည်းမရ ။
ဘဝကဆိုးလှသည် ။
သွားပါပြီ.... ချမ်းတစ်ယောက်ထဲသာပိုင်တဲ့ ငါ့ရဲ့နှုတ်ခမ်းတွေ.... ။ ကုန်ပြီ ကုန်ပြီ ကုန်ပါပြီ ။
ငါ rape လုပ်ခံလိုက်ရရင်ဘယ်လိုလုပ်ရမလဲ...။
မလှုပ်နိုင်မကိုင်နိုင်တဲ့အခြေအနေကြီးမှာ.....
ငါ့ဘဝတော့သွားပါပြီ........ ။
🌺 ဇာတ်သိမ်းပိုင်း ၁ 🌺
Mulai dari awal