'Nae'

အမှုက ကြီးကြီးမားမားတော့ မဟုတ်ပါ။
ဒါပေမယ့် lisaအတွက်တော့ အနည်းနဲ့အများ စိတ်ဝင်စားဖို့ကောင်းခဲ့သည်။

အမျိုးသားဖြစ်သူကို ကွာရှင်းလိုကြောင်းစွဲဆိုသည့်အမှု။ မတရားသော အမှုလို့ ပြောနေကြသည်။ တချို့က တရားလို မိန်းကလေးဘက်က ရင်နာကြသည်။ ၁၀နှစ်ကျော်အသက်ကွာသော ထိုစုံတွဲမှာ ဘယ်သူက မှန်သည် lisaမသိပါ။

သူသိသမျှဆိုရင်တော့ အမျိုးသားဖြစ်သူမှာ ငွေကြေးအတော်အတန်ရှိပြီး ငွေသာရှာနေသော ခပ်တုံးတုံး ချစ်တတ်သူ။ အဲ့လိုကြောင့်ပဲ မိန်းမငယ်ငယ်လေးက တခြားရွယ်တူကောင်လေးနဲ့ ထပ်ချစ်မိကာ ကွာရှင်းလိုကြောင်း စွဲဆိုခြင်း။ တချို့ကလည်း သာယာမှုမှာ မြောပါချင်တဲ့ မိန်းကလေးငယ်ကို အပြစ်တင်ကြသည်။

အမျိုးသားဖြစ်သူက lisaရဲ့ ရှေ့နေဖြစ်မည့်သူဆီမှာ မကွာရှင်းနိုင်လို့ ငိုယိုတောင်းပန်ကာ လာငှါးသည်တဲ့လေ။ အမှုလက်ခံလိုက်ပုံကလည်း ထူးထူးဆန်းဆန်းပါပဲ..

'အမှုနိုင်ပြီးသွားရင် ပိုက်ဆံပဲရှာမနေဘဲ မိန်းကလေးကို အချိန်ပေးပြီး ပိုဂရုစိုက် ကြင်နာပေးရမည်တဲ့လေ'

အဲ့လို ကတိတွေထားပြီး အမှုကို လက်ခံလိုက်တာ။
ရှေ့နေလုပ်တဲ့သူက ဘယ်လောက်ထိတော်လို့ နိုင်မယ်လို့ တစ်ထစ်ချ တွက်ထားတာလဲ...သိချင်လာသည်မို့ အမှုစစ်တာကို အာရုံစိုက် နားထောင်မိလိုက်သည်။

ကျမ်းသစ္စာဆိုပြီးတော့ ကြည်လင်အေးမြသော အသံတစ်ခု စတင်ထွက်ပေါ်လာသည်။

'အမျိုးသမီးဖြစ်သူအနေနဲ့ ခင်ပွန်းကို ကွာရှင်းချင်တယ်လို့ ရုံးတော်မှာ လျှောက်တင်ခဲ့တယ်။ သိရသလောက် ခင်ပွန်းဖြစ်သူမှာ ဝတ္တရားဖောက်ဖျက်တဲ့ အထောက်အထားမတွေ့ရဘူး။ ဒါနဲ့များ ဘာလို့ ကွာရှင်းချင်ရတာလဲ'

အစကတည်းက အားလုံးခြုံငုံ မေးလိုက်သလိုမျိုးမို့ အမေးခံရသူ တရားလို မိန်းကလေးမှာ ဘယ်က စဖြေရမှန်းမသိ ကြောင်သွားပြီး...

'သူက ကိုက်လို့...'

'ခွီး...'
စစ်မေးနေတဲ့သူတော့မသိ နားထောင်နေတဲ့lisaကတော့ အသံထွက်အောင် ရီမိသွားသည်။

LIMERENCE💜 (Chaelisa)Where stories live. Discover now