🌺 အပိုင်း ၂၆ 🌺

Start from the beginning
                                    

ချမ်းသည်​​ဆေး​ကျောင်းသူတစ်​​ယောက်​ဖြစ်​​သော်​လည်း ယခုအချိန်​တွင်​​ရှေးဦးသူနာပြုစုနည်း​လောက်​​တောင်​မသိ​တော့​သော... ချစ်​သူကိုစိုးရိမ်​​နေရသည့်​သာမန်​လူတစ်​​ယောက်​သာဖြစ်​​နေခဲ့သည်​ ။

ချမ်းတို့​ဆေးရုံ​ရောက်​ပြီးမကြာမီပင်​ ဆက်​​မေ​မေနှင့်​ဘွားဘွားမျက်​ရည်​လည်​ရွှဲနှင့်​ ​ရောက်​လာကြ၏ ။

အုပ်​ထိန်းသူလက်​မှတ်​နှင့်​ operation ကို လုပ်​ခဲ့ရသည်​ ။ ဆက်​ ခွဲခန်းဝင်​​နေ​သောအချိန်​တစ်​​လျှောက်​လုံး ခွဲခန်းအပြင်​က​စောင့်​​နေရ​သော ချမ်းတို့အားလုံးရင်​ထဲတွင်​ အပူလုံးကြီးကကြ်ီးလွန်းလှသည်​ ။

ချမ်းကိုယ်​တိုင်​လည်း တစ်​ကိုယ်​လုံးမှာဆက်​၏​သွေး​တွေ​ပေကျံ​နေလျှက်​နှင့်​ပင်​ ဘာမှမလုပ်​နိုင်​ဘဲထိုင်​ငို​နေမိသည်​ ။ လူတစ်​​ယောက်​လုံးကို ကားနှင့်​တိုက်​ပြီး ဆင်း​တောင်​မကြည့်​ဘဲ​ကြောက်​အားလန့်​အား ထွက်​​ပြေးသွား​သော ကားသမားကိုလည်းသတိမရနိုင်​​တော့ ။

ခွဲစိတ်​ချိန်​ ရှစ်​နာရီကြာသွားခဲ့ပြီ ။ ခွဲခန်းထဲသို့ ​သွေးထုပ်​​တွေအများကြီးသယ်​သွားကြသည်​ကိုလည်း ​တွေ့၏ ။

ချမ်းစိတ်​​တွေကိုစုစည်းကာ operation ခန်းကထွက်​လာ​သော သူနာပြုတစ်​​ယောက်​ကို အ​ခြေအ​နေ​မေးကြည့်​မိ၏ ။ ပြန်​ရခဲ့​သောအ​ဖြေက ​ကြေကွဲစရာ ။

ခေါင်းက ဆယ့်​ရှစ်​ချက်​ချုပ်​လိုက်​ရပြီး နံရိုးနှစ်​​ချောင်းကျိုးကာ တစ်​​ချောင်းကနှလုံးကိုသွား​ထောက်​​နေသည်​မို့ ဆရာဝန်​ကြီး​တွေ သတိကြီးကြီးထားကာ ခွဲစိတ်​​နေရသည်​တဲ့ ။
50 -50 မို့ စိတ်​ကိုခိုင်​ခိုင်​ထားပါဆိုဘဲ....... ။

အ​ဖြေကိုကြားပြီး ချမ်း ပုံရက်​လဲကျသွားသည်​ ။ သူမသည်​လည်းဆရာဝန်​တစ်​ပိုင်းမို့ အန္တရယ်​ရှိ​သောအ​ခြေအ​နေကို ရိပ်​မိ​နေ၏ ။

အချိန်​​တွေ သိပ်​ကို​နှေး​ကွေးစွာလည်​ပတ်​သွားပြီး​နောက်​ ခွဲခန်းထဲက ဆရာဝန်​ကြီးတစ်​​ယောက်​ထွက်​လာ၏ ။

ပျောက်ကွယ်ခဲ့သော... Z+UWhere stories live. Discover now