"အဲ့ကလေးက ဘာလို့ပြေးတက်သွားရတာလဲ.....
ကားကိုမမြင်ဘူးလား....မျက်မှန်နဲ့ကောင်လေးကတော့...
သနားပါတယ်ဟယ်...ရှင်ပါ့မလား...မသိဘူး...."
တီးတိုးပြောဆိုသံတွေကို လျစ်လျူရှု၍...ဆေးရုံကားအလာကို....
မိုးထက်တစ်ယောက် ရင်တမမနှင့် သက်ပြင်းပင့်ချကာ ဘုရားစာရွတ်ဆိုပြီး စောင့်ဆိုင်းနေရသည်။
ပူပြင်းခြစ်တောက်သောနေရောင်နှင့်ထပ်တူ မိုးထက်ရင်တွင်း၌ အပူမီးတွေသည် တဟုန်းဟုန်းတောက်လောင်၍....။
ခံစားမိသော အသက်ရှူငွေ့ယဲ့ယဲ့ကို ပျောက်ကွယ်မသွားအောင် အကြိမ်ကြိမ်အဖန်ဖန်ဆုတောင်း
နေရင်း....မျှော်လင့်နေသော အသံတစ်ခုသည် တဖြည်းဖြည်းနီး၍လာမှ...ဖြူဖျော့နေသော မျက်နှာနုနုထက် မလွဲတမ်းကြည့်နေမိသော မျက်ဝန်းတွေအား...
အသံလာရာဆီပို့ဆောင်လိုက်တော့...ဖြည်းဖြည်းမှန်မှန်လာ
နေသော ဆေးရုံကားကို တွေ့လိုက်ရသော်လည်း စိတ်မအေးနိုင်သေး....။
.
.
.
.
.
.
.
.
.
.
.
.
"ဟဲလို......ဒေါ်...ဒေါ်လုံးလား.....
ကျွန်တော်တို့...အခုဆေးရုံရောက်နေတယ်...
ဧကလေ...ဧက...ကားတိုက်ခံရမလိုဖြစ်သွားလို့...
အကိုပြည့်စုံကိုပါ ဖုန်းဆက်ပေးပြီး...
ဒီလိုက်လာခဲ့ပေးပါလား...."
ဖုန်းချပြီးတော့ မိုးထက်သက်ပြင်းချမိပြန်သည်။ အင်္ကျီလက်မောင်းပေါ်မှာ ထင်ကျန်နေသော.သွေးကွက်ကိုကြည့်ပြီး
အစောပိုင်းကမြင်ကွင်းတွေက မျက်စိရှေ့တွင်မြင်နေရသလို
ပြန်ထပ်ဟပ်လာသည်။
ဒီအဖြစ်အပျက်မဖြစ်ခင် ဧကမျက်နှာပေါ်က သူနားမလည်နိုင်သော အရိပ်အယောင်တချို့ကိုလည်း ပြင်းပြစွာ သိချင်နေလျှက်....။
"ဧကရော....၊ အကိုရော ဘာမှမဖြစ်ကြပါစေနဲ့......"
လက်ဖဝါးနှစ်ဖက်ကိုပူးကပ်၍ လေးလေးနက်နက်ပင် ထပ်ဆုတောင်းလိုက်သည်။
ခဏကြာတော့.....ဒေါ်လုံးနှင့်မြနှောင်းသာတို့ အရင်ရောက်ချလာသည်။ ဒေါ်လုံးမျက်နှာက ငိုမဲ့မဲ့...။
အရေးပေါ်ခန်းရှေ့ရပ်ပြီး...လက်ထဲမှာကိုင်ထားသော ပုတီးကိုစိပ်၍ နှုတ်မှလည်း.ဘုရားစာတွေ ရေရွတ်နေလေသည်။
မြနှောင်းသာကမျက်နှာမကောင်း....။ မိုးထက်ကိုတွေ့တော့ အနားလာရင်း ဖျော့တော့သောအပြုံးကိုပြုံး၍
ပါးပြင်ထက် လက်နှစ်ဖက်နှင့် လာအုပ်မိုးသည်။