8🐣🐣🐣🐣🐣🐣🐣🐣

Magsimula sa umpisa
                                    

"အသက်က "

"20ပါ အန်တီ ဆယ်ဟွန်း နဲ့ ရွယ်တူပါပဲ "

*20ပါ မေမေယောက္ခမကြီး *

"ဆယ်ဟွန်း ကို တကယ်ချစ်လား ?"

ကောင်လေး မေမေရဲ့ အမေးကို ကောင်လေးကို သေချာကြည့်လို့ အဖြေပေးမိသည်။

"စကားလုံးတွေနဲ့ ကျွန်တော် ဖော်မပြနိုင်အောင်ထိ ဆယ်ဟွန်း ကို ကျွန်တော် ချစ်မိသွားခဲ့တာပါ"

ဟင့် ကိုကြီးကိုပိုပီး ကြွေနေပါပီနော်😭 ဆယ်ဟွန်း လေး ကိုကြီးကြောင့် ရူးချင်နေပါပီ...

မေမေကလဲ ကိုကြီးရဲ့ အဖြေကို သဘောကျသွားပုံပင်...

"မင်းတို့အချစ်က သဘာဝကို ဆန့်ကျင်နေလို့ ပတ်ဝန်းကျင် ရဲ့ ကရဲ့တာတွေကိုရော ခံနိုင်ရည်ရှိရဲ့လား "

"ကျွန်တော် ဂရုမစိုက်ပါဘူး ဆယ်ဟွန်းကို ကျွန်တော်အတတ်နိုင်ဆုံး ကာကွယ်ပေးမှာပါ "

"ကဲသား ဆယ်ဟွန်းနီး ကရော ခံနိုင်ရည် ရှိရဲ့လား "

"ကိုကြီးသာ သားဘေးမှာ ရှိရင် "

မေမေကတော့ ဆယ်ဟွန်း ကို မနိုင်ဘူးဆိုတဲ့ပုံစံနှင့် တစ်ချက်စိုက်ကြည့်သည်..။

"မင်း မိဘတွေကရော ဆယ်ဟွန်း ကို လက်ခံပါ့မလား"

"ကျွန်တော် မိဘတွေ လက်ခံနိုင်အောင်ကျွန်တော်ကြိုးစားမှာပါ .."

"လက်မခံရင်ရော "

"လက်မခံခံအောင် ကျွန်တော်ကြိုးစားမှာပါ "

"နောက်ဆုံးအနေနဲ့ အန်တီ မေးချင်တာက ဆယ်ဟွန်းဘေးမှာ အမြဲတမ်းရှိနေပေးနိုင်လား? "

"ကျွန်တော် ဆယ်ဟွန်းအနားမှာ အမြဲရှိနေပေးပါမယ်လို့ ကတိမပေးနိုင်ပါဘူး"

ကျွန်တော် အဖြေကြောင့် ကောင်လေးက ဆုပ်ကိုင်ထားဆဲ ဖြစ်တဲ့လက်ကလေးကို ဖြုတ်လိုက်သည်။

*ကိုကြီးက ဆယ်ဟွန်း လေးကို တစ်သက်လုံးချစ်မှာမဟုတ်ဘူးပေါ့ *

ဝမ်းနည်းလာတဲ့စိတ်ကြောင့် မျက်ရည်တွေက ချက်ခြင်းဝဲလာသည်။ ဆုပ်ကိုင်ထားတဲ့ ကိုကြီးလက်ကို ဖြုတ်ပစ်လိုက် သည်။

Stalker 🐤🐣(Complete) Tahanan ng mga kuwento. Tumuklas ngayon