အပိုင်း (၃၂)

Start from the beginning
                                    


"သခင်လေး…."

"မင်း ဘာစုံစမ်းမိသေးလဲ…"

စုတ်တံကို ဘေးတွင်ချကာ ကွမ်းချီ ညီမလေးနောက် လိုက်ရန်လွှတ်ထားသည့်သူကို ကြည့်ကာ မေးသည်။

"သခင်လေး နောက်ယောင်ခံလိုက်ခိုင်းတဲ့ ကောင်မလေးက ပန်းတစ်ရာ ဧည့်ရိပ်သာမှာ တစ်ည အိပ်သွားတယ်…. ပြီးတော့ သူနဲ့အတူတူ လူ ၃ယောက် ပါလာတယ်…."

"အမျိုးသားလား… အမျိုးသမီးတွေရော ပါလား…"

"၃ယောက်လုံးက အမျိုးသားတွေပါ…
ဘာ…."

ထိတ်ကနဲ ဖြစ်သွားသည့် စိတ်ကြောင့် ကွမ်းချီ အသံကျယ်သွားသည်။ သူ့ပုံစံကြောင့် သူ့ရှေ့ကလူက ဆက်ပြောသင့်မပြောသင့် စဉ်းစားနေပုံရသည်။

"ဆက်ပြော…"

"သူတို့… သူတို့အားလုံး ဝင်္ကဘာတောင်ကြားဘက်သွားတဲ့ လမ်းပေါ် ခရီးဆက်သွားကြတယ်… လမ်းမှာ မျက်ခြေဖြတ်ခံလိုက်ရလို့ ကျနော်တို့ မတွေ့တော့တာပါ သခင်လေး…"

"ရပြီ.. မင်း သွားတော့…."

ထိုသူ ထွက်သွားသည်နှင့် ထိုးကိုက်လာသည့် ခေါင်းကြောင့် နားထင်ကိုဖိကာ ခုံပေါ်ထိုင်လိုက်သည်။ ဝင်္ကဘာတောင်ကြားဘက်ကို ထွက်သွားသည်ဆိုသဖြင့် သူ့ညီမ ဘာတွေ လုပ်နေတာလဲ။ အရမ်းကို ပြောင်းလဲသွားသည့် ညီမလေး၏ ပုံစံတို့က သူ့ကို ခေါင်းကိုက်လောက်သည်အထိ ဖြစ်စေသည်။ ဆွဲလက်စ ပန်းချီကားကို ကြည့်ပြီး တိုးတိုးလေး ညည်းမိသည်။

"ညီမလေး… အဲဒါ နင်အစစ်ပဲလို့ ငါ ယုံကြည်ပါတယ်… အားရန်… နင်က င့ါ ညီမလေးပါ…"

သိမ်မွေ့သည့်ပုံစံဖြင့် ကင်ကိုရွက်များကို ငေးကြည့်နေသည့် ပန်းချီကားထဲမှ မိန်းကလေးက သူ့ကို လှောင်နေသယောင်ယောင်။ အခုတော့ ပန်းချီထဲက မိန်းမငယ်နှင့် လက်တွေ့သည် တခြားစီ။

-----------------------------


"တောပုန်းဖူ… ခင်ဗျားတို့ ထွက်လာခဲ့…."

ခြံဝင်းရှေ့မှ အော်သံကြောင့် အားလုံး လန့်သွားကာ ဖူအစ်ကိုကြီးအား ဝိုင်းကြည့်ကြသည်။ သုံးကလေးက အိမ်ထဲသို့ ပြေးဝင်လာကာ

"ဖူအစ်ကိုကြီး…. ကျနော်တို့ကို ဝိုင်းထားတယ်…"

"ဘာ… ဘယ်ကကောင်တွေလဲ… ဒီအထိတောင် လာရဲတယ်…"

နံရံတွင် ချိတ်ထားသည့် လက်နက်တို့ကို ကိုယ်စီကိုယ်ငှ သွားယူကြပြီး တောပုန်းဖူ အိမ်ထဲက ထွက်ကြည့်သည်။

"ဘယ်ကောင်လဲ… င့ါကို တွေ့ချင်… ချင်…"

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တောပုန်းဖူအသံတို့ ထစ်အသွားသည်။ စစ်ဝတ်စုံ လက်နက်ကိုယ်စီ၊ မြင်းကိုယ်စီနှင့် လူများကိုကြည့်ပြီး သူ အမြင်မမှားနိုင်။ ဒါတွေက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"ဖူအစ်ကိုကြီး… ခင်ဗျားနဲ့ သိလို့လား…"

မို့ရန် မေးလိုက်သည်ကို တောပုန်းဖူ ပြန်မဖြေနိုင်။ နှဖူးမှ စိမ့်ထွက်လာသည့် ချွေးတို့ကို သူအသာသုတ်လိုက်သည်။

"ဖူအစ်ကိုကြီး… ကျနော်တို့ကို ပြောဦးလေ…"

တတောင်ဖြင့် တွတ်လာသည့် မို့ရန်ကို တုန်ယင်နေသည့် အသံများဖြင့်

"ရွှေလင်းယုန် စစ်သည်တွေ…. ငါ သူတို့ဝတ်စုံကို သိတယ်…  ငါတို့ သူတို့နဲ့ ဘာရန်ညှိုးမှ မရှိပါဘူး… ဒါက.. ဒါက…"

"ရန်ညှိုးမှ မရှိတာကို… လာစော်ကားရင်တော့ ပြန်ချမယ်လေ…"

"မဖြစ်နိုင်ဘူး… သူတို့က တော်ဝင်တပ်က လက်ရွေးစင်တွေ…"

မို့ရန် မျက်လုံးပြူးသွားသည်။ မနိုင်လောက်ဘူး ဆိုသည့်သဘော။ ဒါဆိုလည်း သူတို့ကို မေးကြည့်ရတော့မည်။ တောပုန်းဖူက သုံးကလေးကို လက်သင်္ကေတအချို့ကို လျှို့ဝှက်စွာပြလိုက်သည်။

"ဒီက စစ်သည်ကြီး… ကျနော်တို့ဆီကို ရောက်လာတာ ဘာအကြောင်းများ ရှိလို့ပါလဲ…"

"ဟင်း… မင်းတို့ ကျူးလွန်ထားတာ မေ့သွားပုံရတယ်…"

"ကျနော်တို့ စစ်သည်တို့နဲ့ ဘာရန်ညှိုးမှ မရှိတာ သေချာပါတယ်… ဒီက စစ်သည်ကြီး ဘာကို ဆိုလိုတာပါလဲ…"

"စစ်တပ်ရဲ့ ရိက္ခာတပ်ကိုတောင် ဖြတ်တိုက်ပြီးမှ မသိချင်ယောင်ဆောင်တယ်ဆိုတော့ မင်းတို့ ပမာမခန့်လုပ်တာပဲ… အညံ့ခံစမ်း…"

"စစ်သည်ကြီး… ကျနော်တို့ ခင်ဗျားတို့ရဲ့ ရိက္ခာတပ်ကို တစ်ခါမှ မဖြတ်ယူဖူးပါဘူး…. အထင်လွဲနေပြီ…"

"သူခိုးက ခိုးတယ်လို့ ဘယ်တော့မှ ဝန်ခံလေ့ မရှိဘူး.. ဖမ်းကြစမ်း…."

စောနက တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်သည် တိုက်သံ ခိုက်သံများဖြင့် ဆူညံသွားသည်။ သုံးကလေးက တိုက်ပွဲစသည်နှင့် အချက်ပြမီးကို လွှတ်တင်သည်။ မို့ရန်တို့အားလုံး အစွမ်းကုန် ခုခံနေရသည့် အနေအထားတွင် ဖြစ်သော်လည်း ကိုယ်မလုပ်သည့် ကိစ္စကို မလုပ်ကြောင်းသိအောင် ပြောပြီးပြီ။ သို့သော် အပြောမခံသည့်အခြေအနေကြောင့် မတတ်သာသည့်အဆုံး သူသေကိုယ်သေ တိုက်ရန်သာ။ အချိန်သည် တရွေ့ရွေ့ဖြင့် တစ်နာရီအကြာ ကုန်ဆုံးသွားသည်။ တိုက်ခိုက်သံများလည်း ရပ်စဲသွားသည်။ မို့ရန်သာ တစ်ကိုယ်တည်း ဓါးကိုင်ကာ သူမကို ချိန်ရွယ်ထားသည့် ဓါးတွေကြား ကျန်ခဲ့သည်။








ကြင်ယာတော် "မို့ရန်"Where stories live. Discover now