Part-6 (Z+U)

639 113 17
                                    

"ကိုယ်Hunnieကိုချစ်တယ်"

"ကျ...ကျနော်"

"ကိုယ့်ကိုကြည့်....ကိုယ်အရင်တုန်းကရည်းစားတွေအများကြီးထားခဲ့တယ် ဟုတ်တယ် ကိုယ်မငြင်းဘူး ဒါပေမယ့်
ကိုယ်သူတို့ကိုမချစ်ဘူး။
ကိုယ်Hunnieကိုပဲချစ်တယ်......
Hunnieရော ကိုယ့်ကိုချစ်တယ်မှတ်လားဟင်...."

ရုတ်တရက်ကြီး သူငယ်ချင်းဖြစ်သွားကြတယ်
ရုတ်တရက်ကြီး ချစ်တယ်ပြောတယ်
ရုတ်တရက်ကြီး အဖြေတောင်းတယ်
ဒီလိုပဲ ရုတ်တရက်ကြီး လမ်းခွဲသွားရင်ဘယ်လိုလုပ်မလဲ

ပြူးကြောင်ကြောင်လေးကြည့်နေနဲ့Hunပုခုံးကိုကိုင်ပြီး
မျက်လုံးချင်းစုံအောင်ကြည့်လိုက်တော့ Hunကသူ့ကိုပြန်မကြည့်ဘဲ မျက်လွှာလေးအောက်ချပြီး မဝံ့မရဲနဲ့

"Kaiကကျနော့်ကိုတကယ်ချစ်တာလား"

"Ommကိုယ်အရမ်းချစ်တယ်"

"Kaiအရင်ကတွဲခဲ့တဲ့လူတွေလိုမျိုးHunကိုထားခဲ့မှာလား"

"ဘယ်တော့မှမထားခဲ့ဘူး"

"ကတိပေးနိုင်လို့လား"

"ကိုယ်Hunnieကိုဘယ်တော့မှမထားခဲ့ဘူး ကတိပေးတယ်....Hunnieကရော ကိုယ်ကိုချစ်လား"

"Omm...ချစ်တယ် အများကြီးချစ်တယ်"

Hunကိုဆွဲဖက်လိုက်ပြီး ကျလုဆဲဆဲမျက်ရည်လေးကိုသုတ်ပေးလိုက်တယ်

"ဘာလို့ငိုတာလဲHuunieရဲ့"

"ပျော်လို့..."

"ကလေးကျနေတဲ့hunnieရာ
အထဲဝင်တော့နော်...မနက်ကျလာခေါ်မယ်..ချစ်တယ်"

Hunကိုအိမ်ပြန်ပို့ပြီး သူလည်းအိမ်ကိုလည်းပြန်လာလိုက်တယ်။ကုတင်ပေါ်လှဲအိပ်လိုက်ပြီး သူဘာလို့Hunကိုဖွင့်ပြောမိလိုက်လည်းဆိုတာကို စဉ်းစာမိသည်။Hunကိုချစ်လားမေးရင်တော့ ချစ်တယ်လို့ဖြေမိမှာဆိုပေမယ့် ဖွင့်ပြောဖို့အထိတော့ မစီစဉ်ခဲ့။

ကျောင်းမှာသူ့ကိုလိုက်လိုက်ကြည့်နေတဲ့Hunကိုသတိထားမိတာကြာပြီဆိုပေမယ့် သူနဲ့Hunစပြီးသိတာ ၁လလောက်တောင်မကြာသေး။တကယ်ဆိုKrystle noonaကိုဖွင့်ပြောဖို့စဉ်းစားထားပေမယ့်ဘာလို့ Hunကိုဖွင့်ပြောမိလည်းသူကိုယ်တိုင်လည်းသေချာမသိ

BROKENWhere stories live. Discover now