" ဘာလဲငါပြောတာ မှန်သွားလို့လားခေတ်... မင်းကိုယ်မင်း ပြန်သုံးသပ်ကြည့်ဦးနော်... မင်း မိုင်းအပေါ်မှာရိုးသားရဲ့လားလို့..."

Hotel ထဲလှမ်းဝင်တော့မည့်ဆဲဆဲခြေလှမ်းက ရုတ်တရက်ရပ်တန့်သွားကာ....တစ်ချက်ရယ်လိုက်မိသည်။

" အဟက်... မင်းကငါဘာဖြစ်နေတယ်ဆိုတာ ငါ့ထက်တောင်သိလို့ပါလား.... ငါတောင် အခုထိ ငါ့ကိုယ်ငါ ဘာဖြစ်နေမှန်းမသိသေးဘူး...."

ကျွန်တော်ပြောစကားကြောင့် လက်ခနဲဖြစ်သွားသည့် ငြှိုးရဲ့မျက်လုံးတွေက အဖြေအားရှာတွေ့သွားဟန်။

" တွေ့လားခေတ်...မင်းမိုင်းအပေါ်မှာလုံးဝကျရှုံးနေပြီ.... တကယ်ဆို ယောကျင်္ားတစ်ယောက်နဲဲ့သမုတ်ခံရတာ မင်းဒေါသထွက်သင့်တာပေါ့... ဒါပေမယ့် မင်းအခုစိတ်မဆိုးတဲ့အပြင် ..."

ဆက်မပြောတော့ဘဲ... ခေတ်ကိုသာ ပခုံးတွန့်ပြမိသည်။ ဒီကောင် တစ်ကယ်ကြီး မိုင်းကိုကြွေနေတာပဲ..။ ကျေနပ်ခြင်းတို့က ငြှိုးမျက်နှာထက် နေရာတကျဖြစ်တည်၏။

" ကျေးဇူးကွာ... တကယ်.. ဒီတခါတော့ မင်းကိုတကယ်ကျေးဇူးတင်တယ်ငြှိုးရာ... ငါတို့ကို အခုလိုစိတ်ဝင်တစားလိုက်ကြည့်နေမှန်းမသိခဲ့ဘူး.... အင်း...ဒါပေမယ့် ကိုယ်နဲ့မဆိုင်တာတွေ သိပ်ဝင်မပါပါနဲ့လား... ငါအတွက် နည်းနည်းစိတ် အနှောင်အယှက်ဖြစ်ရတယ်... ဘာလို့ဆို ငါ့ခံစားချက်ကို ငါပဲအဖြေရှာချင်တာမို့.... ခဏလောက် ဘေးထွက်နေပေးကွာ..."

ခပ်တည်တည်ဖြင့် စကားများအားအနိုင်ပိုင်းပြောခဲ့ကာ အခန်းဆီသို့တက်လာခဲ့လိုက်၏။

နောက်မှာ ကျန်ခဲ့သည့် ငြှိုးတစ်ယောက် အခုလောက်ဆို လက်သီးဆုပ်ပြီး အံကြိတ်နေမလား... ကိုယ့်ကျောပြင်ကိုပဲပြာကျမတတ်ကြည့်နေပြီလားမပြောတတ်... ဒါပေမယ့်သေချာတာကတော့ လုံးဝကျေနပ်မှာမဟုတ်ဘူးဆိုတာပါပဲ...။

@@@@@@@@@

ခေတ် အခန်းထဲရောက်ရောက်ချင်း စားပွဲပေါ်တင်ထားသည့် ရေဘူးအားအကုန်မော့လိုက်ရင်း ငြှိုးပြောသွားသည့် အကြောင်းအရာများအား အသည်းအသန်စဉ်းစားနေမိသည်။

ဒဏ္ဍာရီ ( COMPLETED)Kde žijí příběhy. Začni objevovat