"မင်းသောက်ချင်ရင် သွား ဝယ်လိုက်ပါ ဘိုဘိုဟူးရေ...
ဒါက ငါ့အချစ်ကြီး ပတ်ချန်းယောလ် အတွက်"

"အမလေး ပိုလိုက်တာနော် ဟွန်း ရတယ် သားကြီး မှတ်ထား...
ဒါနဲ့ မနက်က အခြေနေ ဘယ်လိုရှိလဲ"
မစပ်စုရ မနေနိုင်သော ကော်ရီး ဘိုဘိုဟူးရယ်ပါ...

"ဒိုပြူးရော မရောက်သေးဘူးလား"

"ငါမေးတာအရင်ဖြေပါ "

"ငါ သူ့ကို ကိုကြီးလို့ခေါ်ပီး ဖွင့်ပြောခဲ့တယ် ဒါပဲ "

"ဝါး ဝိုး...အိုဆယ်ကြည့်တော့ မခုတ်တတ်တဲ့ ကြောင်လို့နဲ့နော်"

"အေး အဲ့လိုပဲဖစ်သွားတာပဲ ဒါနဲ့ ဒိုပြူးရောလို့ "

"သူ့ မိဘတွေနဲ့ နယ်ဘက်သွားတယ် ခွင့်တိုင်ပေးဖို့ Phလှမ်းဆက်ထားတယ် ဒါပဲ "

ထိုစဉ် ကန်းတင်းသို့ရောက်လာကြသော ပတ်ချန်းယောလ် တို့အုပ်စု
ပတ်ချန်းယောလ်ကို မြင်မြင်ချင်းမှာပဲ အိုဆယ်ဟွန်းတစ်ယောက်ဟာ

"ဘိုဘိုဟူး ငါ ကိုကြီးတို့ဝိုင်းကိုသွားထိုင်မှာ မင်းရော ငါ ခဏနေ လှမ်းခေါ်လိုက်မယ် သိလား"

"ဟျောင့် ကန်ထုတ် ခံရမယ် "

"ငါ့ကို ယုံလိုက်" ပြောပြောဆိုဆိုနဲ့ ထွက်သွားသော အိုဆယ်ဟွန်းကြောင့် ဘိုဘိုဟူး တစ်ယောက် ကြောင်တောင်တောင်လေး ကျန်ခဲ့လို့၊ သူစိတ်ထဲတွေးနေတာက * အိုဆယ်ဟွန်း ဘယ်တုန်းက အဲ့လောက် အိုဗာ ကွန်ဖီးဒန့် ဖြစ်သွားရတာလဲ*လို့ပေါ့။

"ဟိုင်း ကိုကြီး ဟိုင်း ကိုကြီးရဲ့ သူငယ်ချင်း ကိုကြီးတို့''

"ဘာလာလုပ်တာလဲ မင်းက "

"မင်းက သူ့ကိုသိလား " နောက်က နှစ်ယောက်ရဲ့ ပြိုင်တူမေးသံထွက်လာပီးနောက်

"အေး မသိဘူး " ရွတ်တွတ်တွတ်ပဲ ဖြေလိုက်မိသည်။ စိတ်ထဲမှာဒေါသဖြစ်နေတာက ထိုကောင်လေး၏ ကိုကြီး ဆိုသော ခေါ်သံကို တခြားသူတွေ အတွက် မဖြစ်စေချင်တာမို့ ၊ ကိုယ်သာ မူပိုင်ဖြစ်ချင် နေတာက ဘာရယ် မသိသော စိတ်တွေကြောင့်။ ထိုကောင်လေး တော်တော် ဒုက္ခပေးသည် ။ စိတ်ထဲ မင်းအကြောင်းခဏခဏ မတွေးချင်ဘူး ကောင်းလေး ဝေးဝေးသွား...။

Stalker 🐤🐣(Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ