ဟွန်း မပြောချင်လဲနေပါ့ 🙃လာပီး အိုက်တင်ခံနေသော ဘိုဘိုဟူးကို ပလစ်ပီး အပေါက်ဝကိုသာ လှမ်းငှေးနေလိုက်သည်။

အိုမားရား......သားတော့ ရင်တွေခုန်လွန်းလို့ ရူးရပါပြီနော်😭😭😭
အခန်းထဲကို ဝင်လာတဲ့ ကျွန်တော့ crushကြီးက ချောရက်လွန်းတယ်
ကျွန်တော် မျက်လုံးထဲ အရောင်တွေပါ ထွက်နေသလားလို့........
"ရော့ သရေ သုတ်လိုက်ဦး......"
ဘိုဘိုဟူးရဲ့ ရွှတ်နောက် နောက်စကားကိုလဲ နားထဲမဝင်နိုင်..
ကျွန်တော်အသဲကျော်ကြီးလာနေလို့ အာဗြဲနေတဲ့ မိန်းကလေး တချို့ကိုလည်း မျက်စောင်းလှည့်မထိုးအား......
ခုချိန်မှာ အရောင်အဝါတောက်နေတဲ့ ကျွန်တော့ မင်းသားကြီးကို မျက်စိ တဆုံး ငေးဖို့ပဲ အသိစိတ်ထဲ ရှိတော့တာမို့🤤
စိတ်ထဲမှာလဲ သူ့ခုံပေါ်တွင် ကျွန်တော် တင်ပေးနေကျ  bubble teaဘူးလေးအား သူယူပါစေ ဆုတောင်းနေရသည်....
ဟိသူယူသွားပီ............
ကျွန်တော့ရဲ့ ကြိုးစားမှုလေးဖြစ်တဲ့
တစ်နည်း ကျွန့်တော့ အချစ်ဆုံးကြီး နှစ်ယောက်ရဲ့ အားပေးမှုကြောင့် ကျွန်တော့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ မနက်တိုင်း သူခုံတွင် bubble taeဘူးလေးသွားထားဖို့ တွေးမိခြင်း.......
သူအချိုမကြိုက်တာ သိပေမဲ့လို့ ကျွန်တော့ အကြိုက်ကိုပဲ သူနားရှိစေချင်သည်

ပတ်ချန်းယောလ်တို့ အခန်းထဲ ဝင်လာတော့ ထုံးစံအတိုင်း မိန်းကလေးများ၏ အသံတွေက အတော် နားပူစေသည်
ကျစ် နာပူလိုက်တာ.....
ကိုယ်ခုံပဲ သွားထိုင်နေတော ခုံပေါ်ရှိနေတဲ့ ဘူးလေးတစ်ဘူး.....
ယူကြည့်မိတော့ bubble teaဘူးလေး...

ကျစ် အချိုမကြိုက်တတ်သူကို ဘာတွေလာပေးထားတာလဲ.....ကိုယ်ကို ကြိုက်တဲ့သူက ကိုယ့်အကြောင်း မသိရှာဘူးတဲ့လား ကျွတ်ကျွတ်....
သေချာ ကြည့်မိတော့ ဘူးဘေးမှာ စာလေးကပ်ထားရဲ့
" ခင်ဗျား အချိုမကြိုက်ပေမဲ့
ကျွန်တော် ကြိုက်တာမို့.....❤"

အဆန်းဟ...ပတ်ချန်းယောလ် နည်းနည်းပြုံးချင်မိသွားသည်...
သို့ပေမဲ့ ပြုံးချက်နေတဲ့အရှိန်ထိန်းကာ ဘူးလေးကို အမှိုက်တောင်းထဲ လွှင့်ပစ်ကာ ဟိုကောင်တွေနဲ့ စကားပြောနေလိုက်သည်.....

စာ ရွက်ကလေး ဖြုတ်ယူထားလိုက်တာကတော့ ဘယ်သူ့ကိုမှ မသိစေလို....

"ဝိုး ပတ်ချန်း မင်းကကွာ....မင်းမကြိုက်လဲ ငါကို တိုက်လို့ရတယ်ကွ."
"အေး မင်းသောက်ချင် ပြန်သွားယူလိုက် အမှိုက်ပုံးထဲကို"
Kim kaiတစ်ယောက် နင်သွားရသည် ။
Wu yifanကြီးကတော့ သူရွှေတွေ ကို တပြပြနဲ့....ကြွားနေလေရဲ့🤓

သွားပီး သွားပီ  သူက လွှင့်ပစ်လိုက်တယ် ဟင့်😞😞
အိုဆယ်ဟွန်းမျက်နာလေးက ပြိုတော့မဲ့ မိုးလို တဖြည်းဖြည်း မဲမှောင်ကျလာသည်
ဒါကို သတိထားမိတဲ့ ဘေးက နှစ်ယောက်က သူတို့ သူငယ်ချင်းလေး အတွက်စိတ်ပူသွားရသည်
"ဟျောင့် ဆယ်ဟွန်း ဒါ ပထမဆုံးလေး ကွာ အဲ့လောက် စိတ်ဓာတ် မကျနဲ့. သူအတွက်လဲ ထူးဆန်းနေမှာပေါ့ ပီးတော့ ဒါသူအကြိုက်မဟုတ်ဘူးလေကွာ "
ဘိုဘိုဟူး၏ အားပေးသံအဆုံး ဒိုပြူးမှာလဲ
"သူယူရင်တောင် ငါတို့အတွက် ထူးဆန်းနေမှာလေကွာ"
"အေးလေ မင်းက သူ့အကြိုက်လဲပို့ထားတာမှမဟုတ်တာ"
"ဒါ ဒါ ဒါပေမဲ့ကွာ....ဟင့်"
"ဟျောင့်ငိုတော့မငိုနဲ့"ဒိုပြူး၏ တားမြစ်သံအဆုံး အိုဆယ်ဟွန်းတစ်ယောက် ကျောင်းဆင်းလျှင် သူ့နောက် တိတ်တိတ်လေး လိုက်ဖို့အတွက် အားလျှော့ချင်ဖြစ်သွားသည်။

"ဟျောင့်တွေ ညနေကျ ငါ သူနောက် လိုက်လို့အဆင်ပြေပ့ မလားဟင်"
"အဆင်ပြေတာပေါ့ မင်းကလဲ "
သူငယ်ချင်းနှစ်ယောက်အသံ ပြိုင်တူထွက်လာပေမဲ့ အားလျှော့သွားတဲ့ အိုဆယ်ဟွန်းက ညနေခငအတွက် Mask တပ်ဖို့ တွေးလိုက်ပါတော့တယ်။
........................................................................
တိုးတိုး တိတ်တိတ်ပဲ သူနောက်လိုက်ဖို့ဖို့ တွေးလိုက်မိပေမဲ့ ကျွန်တော့်ရဲ့အချစ်ဆုံးနှစ်ယောက်ရဲ့ အားပေးမှုကြောင့် သူ့နောက်ပေါ်တင်လိုက်ရန် အကြောင်ဖန်လာသည် ။
ထိုနှစ်ကောင် အားပေးကြမ်းသည် ကျွန်တော့်စိတ်ကို ဘယ်လိုစွရမလဲ သိသည်။
မနက်ဖြန်ကစလို့ သူ့နောက်ပေါ်တင်လိုက်မည်😚

ပတ်ချန်းယောလ် ရှီး  ဘရေ့ယူယာဆက်🐤🐤🐤
အိုဆယ်ဟွန်းကအချစ်တွေအများကြီးပေးတေတာ့မှာမလို့ ခင်ဗျားမလိုချင်လဲပဲ😇

Stalker 🐤🐣(Complete) Where stories live. Discover now