[၂]

1.2K 158 43
                                    

Zawgyi

အခန်းထဲပြန်ရောက်တည်းက အခန်းဖော် WinWin ပြန်မရောက်သေးမှန်းသိလိုက်သည်။ အကြောင်းမှာ WinWin ရဲ့မပီကလာ ပီကလာ ကိုးရီးယားစာဖတ်သံကို မကြားရသောကြောင့်ပင်။

နှစ်ထပ်ကုတင် နှစ်လုံးကို မျက်နှာချင်းဆိုင်ထား,ထားသော အိပ်ခန်းလေးထဲတွင် အရင်ကကောင်လေး ၄ယောက် အတူတူနေဖူးခဲ့ကြသည်။ ဂျပန်၊ ကိုးရီးယား နှင့် တရုတ်ကောင်လေးနှစ်ယောက်။ သူတို့အခန်းက ထူးထူးခြားခြား နိုင်ငံပေါင်းစုံသည်ဟုပြောရမည်။ သို့သော် ကောင်လေး ၂ယောက်မှာမွေးစားခံလိုက်ရပြီး တရုတ်ကလေးနှစ်ယောက်သာ ကျန်ခဲ့သည်လေ။

WinWin ကိုမမွေးစားကြခြင်းအပေါ် RenJun အံ့သြမိ၏။ WinWin မှာဘာအပြစ်အနာဆာမှမရှိပေ။ သူ့လိုမျက်လုံးမမြင်ရလို့မမွေးစားချင်ကြဘူးဆိုလျှင် RenJun နားလည်နိုင်ဦးမည်။ အခုတော့ မွေးစားမဲ့လူကြီးတွေရောက်တိုင်း WinWin ကိုခေါ်မသွားကြပေ။ အသက်အရွယ်ကြီးလာပြန်တော့လည်း အသက်ကြီးလာလို့ဆိုပြီး မမွေးစားချင်ကြပြန်ပါ။

ဒါလည်းလူတွေပြောပြောနေကြတဲ့ကံနဲ့ဆိုင်မည်လားမသိပေ။ လူတွေအမြဲပြောနေကြသလို "မွေးစားကံမပါလို့နေမှာပါ" ဆိုတဲ့စကားလိုပေါ့။ လူတွေက တစ်ခါတစ်လေတော့ရယ်ရသည်လေ။ ဘာမှမဆိုင်သော ကံကိုအပြစ်ပုံချတက်သောကြောင့်ပင်။

RenJun မျက်လုံးမမြင်ရတော့ခြင်းသည်လည်း ကံကြောင့်ဟုပြောကြသည်။
တမင်သက်သက်ကားတိုက်ခံလိုက်ရပြီး တိုက်သွားတဲ့လူတွေက RenJun တို့်မိသားစုကိုထားခဲ့ကြတာဟာ အပြစ်မရှိတဲ့ကံကြောင့်မှမဟုတ်ဘဲ။ ဒါကလူတွေရဲ့စိတ်နဲ့ဘဲဆိုင်တာကို။ သူတို့တွေသာ RenJun တို့မိသားစုကို မပစ်ထားခဲ့လျှင် RenJun မျက်လုံးနှစ်လုံးမှာလည်း မမြင်ရဘဲနေမှာမဟုတ်သလို။ မိဘနှစ်ပါးလည်းသေဆုံးစရာအကြောင်းမရှိပေ။

ဒါကို "RenJun တို့မိသားစု ကံဆိုးလိုက်တာ"

"ငယ်ငယ်လေးနဲ့မျက်လုံးမမြင်ရတာ ကံမကောင်းလိုက်တာ" စသည့်ကံကို အပြစ်မှန်သမျှပုံချ ကျတော့သည်။

VOICEWhere stories live. Discover now