အခန်း (၆)

Start from the beginning
                                    

"ရှင်မ... တကယ်ကြီး ဒီလိုဘဲအိပ်တော့မှာလား ဟင်" ဖေ့ကျင်း မေးလိုက်သည်။

ဖေ့ကျင်းသည် အပေါ်ပိုင်းကို ဗလာကျင်းထားပြီး အတွင်းဝတ်ဘောင်းဘီသာ ဝတ်ဆင်ထားလေသည်။ သူ့သွားဖြူဖြူလေးများပေါ်သည့်တိုင်အောင် ပြုံးဖြီးဖြီးလုပ်နေသေး။ ဤသည်ကို မြင်နေရသည့် ရန်ရှီးနဉ်အဖို့ သူ၏ ခံ့ညားမှုကိုဖော်ပြညွှန်းစရာ စကားမရှိသကဲ့သို့ ခံစားရမိစေသည်။ သို့သော် သူမကတော့ မိမိ၏ မင်္ဂလာဝတ်စုံကိုသာ မချွတ်တမ်းဝတ်ထားပြီး မျက်နှာထားတင်းတင်းနှင့် သူ့ကိုကြည့်နေလိုက်သည်။

ဖေ့ကျင်းက အိပ်ရာပေါ်လှဲအိပ်လိုက်ပြီး တင်းမာခက်ထန်နေသော မျက်နှာထားရှင် ရန်ရှီးနဉ်ဘက်လှည့်လိုက်လေသည်။ "ချစ်ဇနီး၊ မင်းက အနေအထိုင်ယဉ်ကျေးသိမ်မွေ့သူလေးလို့ လူသိများတာမဟုတ်လား၊ အဲ့ဒါဆို ဇနီးမယားတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာ သိမှာပေါ့နော်။ ဒီနားလာခဲ့ပါကွာ၊ မင်းရဲ့ခင်ပွန်းက မင်းရဲ့အပြုအစုအယုအယကိုခံချင်နေပြီ"

ရန်ရှီးနဉ်မျက်လုံးများက လူသတ်ချင်သည့်အရိပ်အယောင်များ လျှံထလာသည်။ ဒီလူရမ်းကားမှာ သူမ သေချင်စိတ်ပေါက်လာသည်အထိ ကြီးစွာသောဆင်းရဲဒုက္ခကို မပေးဘဲနှင့်တော့ ဒီညကို အေးအေးဆေးဆေးဖြတ်သန်းခွင့်မပြုမည်ကို သူမ ကြိုတင်မှန်းဆမိနေ၏။

ဖေ့ကျင်းလည်း ရန်ရှီးနဉ်၏ ဒေါသမီးတောက်နေသောမျက်ဝန်းများကို တွေ့လိုက်ရသောအခါ အပြုံးများ ပို၍တောက်ပသွားတော့လေသည်။ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့၏။ "ဒီကိုလာစမ်းပါ၊ သာယာလှပတဲ့ နွေဦးညလေးကိုအချိန်မဖြုန်းဘဲနေကြရအောင်လေ"

ဖေ့ကျင်းသည် ရန်ရှီးနဉ်၏ ခါးကိုတင်းကြပ်စွာဖက်ထားသောကြောင့် သူမ၏ အသက်ရှူသံပြင်းပြင်းကိုပင် အတိုင်းသားကြားနေရ၏။

ရန်ရှီးနဉ်တစ်ယောက် ကြက်သေသေသွားလေသည်။ ခဏမျှကြာသော် သူမ အသိပြန်ဝင်လာပြီး ဖေ့ကျင်းရင်ဘတ်ကို ဆောင့်တွန်းထုတ်လိုက်တော့သည်။ သို့သော် သူမ ဖေ့ကျင်း၏ ဗလာကျင်းထားသော ရင်ဘတ်ကြီးကို ထိလိုက်မိသည်နှင့် ပူရှိန်းရှိန်းခံစားချက်ကို သူမလက်ကတဆင့်ခံစားလိုက်ရသောကြောင့် ချက်ချင်းပြန်ရုတ်လိုက်ရလေသည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now